စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက် PDF များ၏ သတင်းများကို တာဝန်သိပြည်သူများ၏ ပေးပို့မှုအရ နယ်မြေလုံခြုံရေးအဖွဲ့များက လိုက်လံရှင်းလင်း နှိမ်နင်းလျှက်ရှိ

စက်တင်ဘာ ၁၈

       စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်လိုကြသော ဒေသခံပြည်သူများက အကြမ်းဖက် PDF များ၏ အကြမ်းဖက်လုပ်ရပ်များကို မနှစ်မြို့၊ လက်မခံကြတော့သဖြင့် ၎င်းတို့၏ သတင်းများကို နီးစပ်ရာ လုံခြုံရေးအဖွဲ့များသို့ လျှို့ဝှက်ပေးပို့လာကြရာ နယ်မြေလုံခြုံရေးအဖွဲ့များက လိုက်လံရှင်းလင်း နှိမ်နင်းလျှက်ရှိပါသည်။

        ကောလင်းမြို့နယ်အတွင်း လူနေထိုင်ခြင်း မရှိသည့် အဆောက်အဦတွင် အကြမ်းဖက်သမားများ ခိုအောင်းနေကြောင်း တာဝန်သိပြည်သူများက သတင်းပေးပို့လာမှုကြောင့် နယ်မြေလုံခြုံရေးအဖွဲ့များက ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် သွားရောက်ရှင်းလင်းရာ အကြမ်းဖက်သမား အင်အား ၅ ဦးခန့်နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

      အကြမ်းဖက်သမားများ ဆုတ်ခွာရာအတိုင်း နယ် မြေလုံခြုံရေးအဖွဲ့များက ထပ်ကြပ်လိုက်လံရှင်းလင်းခဲ့ရာ အင်အား ၃၀ဦးခန့်နှင့် ထပ်မံထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား PDF ၂ ဦးကိုလက်လုပ်သေနတ် ၁ လက်နှင့်အတူ အသေဖမ်း ဆီးရမိခဲ့ကြောင်း၊ နယ်မြေလုံခြုံရေးအဖွဲ့မှ စစ် သည် ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

       အလားတူ ပင်လည်ဘူးမြို့ အရှေ့ဘက် မီတာ ၇၀၀၀ခန့်အကွာတွင် တပ်မတော်စစ် ကြောင်းနှင့် အကြမ်းဖက် PDF ၂၀ ဦးခန့်တို့ ယမန်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းညဖက်သမားများ ကစဥ်ကလျား ဆုတ်ခွာထွက် ပြေးသွားခဲ့ပြီး ၎င်းတို့ထံမှ အမ်(၂၂)သေနတ်- ၁ လက်၊ လက်လုပ်တစ်တောင့်ထိုးသေနတ်- ၁လက်၊အမ်(၂၂)ကျည်အိမ်- ၁ ခု၊ ကျည်- ၂၀ တောင့်၊လက်ပစ်ဗုံး- ၁ လုံး၊ လမ်းလျှောက်စကားပြောစက် – ၁လုံးတို့နှင့်အတူ အကြမ်းဖက်သမား PDF ၂ ဦးကို အသေဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။

      ထိုနည်းတူစွာ ယမန်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် မြောင်မြို့နယ်၊ အညွန့်ကျေးရွာအနီးအကြမ်းဖက် သမား PDF များ ခိုအောင်းနေကြောင်း သတင်းအရ နယ်မြေလုံခြုံရေးအဖွဲ့များက သွားရောက်ရှင်းလင်းရာ အဆိုပါ အကြမ်း ဖက် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် PDF များထံမှ FGC-9 MK-II သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၁ လက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

(အဆိုပါဒေသများတွင် Internet မရသဖြင့် ဓာတ်ပုံများ မဖော်ပြနိုင်ကြောင်း အသိပေးအပ်ပါသည်)

#PAN