ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုတွေကို မက်ဒီဆင်နဲ့ ပို့စ်တီကိုဂလူးတို့ရရှိ

Photo: Twitter

စက်တင်ဘာ ၁၈
စပါးအသင်းမန်နေဂျာသစ်ပို့စ်တီဂလူးနဲ့ ကွင်းလယ်ကစားသမားသစ် ဂျိမ်းစ်မက်ဒီဆန်တို့က ဩဂုတ်လအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုများကို ဆွတ်ခူးရယူသွားနိုင်ခဲ့ကြောင်း သိရပါတယ်။
အင်္ဂလန်ကွင်းလယ်ကစားသမားလည်းဖြစ်တဲ့ မက်ဒီဆင်ဟာ အခုနွေရာသီမှာ လက်စတာကနေ ပြောင်းရွှေ့လာကတည်းက စပါးအသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်ပါတယ်။
မက်ဒီဆင်ဟာ သြဂုတ်လမှာကစားခဲ့တဲ့ ဘရန်ဖို့ဒ်နဲ့သူ့ရဲ့စပါးကစားသမားဘဝအဖွင့်ပွဲမှာ ဖန်တီးမှု(၂)ကြိမ်လုပ်နိုင်ခဲ့သလို ဘုန်းမောက်ကို အနိုင်ရခဲ့တဲ့ပွဲမှာလည်း တစ်ဂိုးသွင်းယူခဲ့ပါတယ်။
စပါးနည်းပြပို့စ်တီကိုဂလူးကလည်း ရာသီအစမှာရလဒ်ကောင်းတွေရရှိခဲ့တာကြောင့် သြဂုတ်လအတွက် အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ပါတယ်။
မက်ဒီဆန်ဟာ ၂၀၂၂ ခုနှစ် မတ်လတွင် ဆုရွေးချယ်ချီးမြှင့်ခြင်းခံခဲ့ရသော ဟယ်ရီကိန်း ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်သည့် ပထမဆုံးစပါးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရပါတယ်။