“အမေရိကန် နိုင်ငံသည် ၎င်းတို့နိုင်ငံထုတ် ၁၅၅ မီလီမီတာ အမြှောက်ကျည်များကို လာမည့် ၂၀၂၅ခုနှစ်တွင် ၁လလျှင် ၁၀၀,၀၀၀ထိ တိုးမြှင့်ထုတ်လုပ်သွားရန် မျှော်မှန်းထား”

စက်တင်ဘာ ၁၈

US အမေရိကန်နိုင်ငံ သည် လာမည့် ၂၀၂၅ခုနှစ် တွင် ၁၅၅ mm ကျည်များကို တစ်လလျှင် ၁၀၀,၀၀၀ထိ တိုးမြှင့်ထုတ်လုပ်သွား မည်ဖြစ်တယ်လို့ အမေရိကန် ပင်တဂွန်မှ တရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။

အမေရိကန်နိုင်ငံ ပင်တဂွန် ၏အဆိုအရ လက်ရှိအချိန်တွင် ၎င်းတို့၏ထုတ်လုပ်မှုသည် တစ်လလျှင် ၂၈၀၀၀ ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာထားပါတယ်။

အမေရိကန်အစိုးရသည် ၁၅၅ မီလီမီတာ အမြောက်ကျည်များကိုလာမည့် ၂၀၂၅ ခုနှစ်တွင် တစ်လလျှင် ၁၀၀,၀၀၀ ထိ တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီစဉ်နေကြောင်း အမေရိကန် နိုင်ငံ၏ စစ်လက်နက် ရောင်းချ ဝယ်ယူရေး နှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အမေရိကန် လက်ထောက်ကာကွယ်ရေးဝန်ကြီး Bill Laplant က အမေရိကန် ပြီးခဲ့သည့် စက်တင်ဘာ ၁၅ရက်နေ့တွင် ဝါရှင်တန် စင်တာအတွင်း ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့တာ လည်းဖြစ်ပါတယ်။

“ကျနော်တို့ကလာမည့် ၂၀၂၅ မှာ တစ်လကို ၁၅၅ mm ကျည် ၁၀၀,၀၀၀ ထိ ထုတ်လုပ်ရဖို့ရှိပါတယ်။ လွန်ခဲ့တဲ့ ​၆ လကနေ ၈လလောက်ထိ တစ်လကို ၁၄၀၀ ထိရှိပါတယ်။ အခု တစ်လ၂၈၀၀၀ ထိ ရှိနေပါတယ်”လို့ ၎င်းကပြောကြားခဲ့တာ ဖြစ်ပါတယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုထားပါတယ်။