စဥ့်ကူးမြို့နယ်တွင် စားသောက်ဆိုင်ပိုင်ရှင် ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ အမျိုးသားနှစ်ဦး၊ အမျိုး သမီး နှစ်ဦးတို့ကို လူသတ်အကြမ်းဖက် PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

စက်တင်ဘာ ၁၇

       မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ငွေတောင်ကျေးရွာအုပ်စု၊ငွေတောင်ကျေးရွာရှိ မြနန်းဟေမာန် စားသောက်ဆိုင်ရှေ့၌ ဦးသိန်းဇော်၊၄၉ နှစ်၊(ဘ)ဦးဘဟန်၊စျေးရောင်း၊ငွေတောင်ကျေးရွာနေသူကိလည်းကောင်း၊ ညောင်ဝန်းကျေးရွာနှင့် ရွှေပြည်ကျေး ရွာကြား၊ မန္တလေး-မိုးကုတ်ကားလမ်းမကြီးပေါ်၌ ဦးခင်မောင်ချင်း၊၄၃နှစ်၊(ဘ)ဦးသာညွန့်၊စျေးရောင်း၊ငွေတောင်ကျေးရွာနေသူ၊ ဒေါ်လွင်လွင်ဌေး၊၄၂နှစ်၊(ဘ)ဦးဘဟန်၊စျေးရောင်း၊ငွေတောင်ကျေးရွာနေသူ၊ ဒေါ်သဲနူငယ်၊၄၈နှစ်၊(ဘ)ဦးကိုလေး၊စျေးရောင်း၊ငွေတောင်ကျေးရွာနေသူတို့ကိုလည်းကောင်း ယမန်နေ့ ည ၁၁ နာရီအချိန်ခန့်တွင်လူသတ်အကြမ်းဖက် PDF (အင်အားစီစစ်ဆဲ)တို့က သေနတ်(စိစစ်ဆဲ)ဖြင့် ပစ် ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရပါသည်။

       ထိုသို့ လူသတ်အကြမ်းဖက် PDF များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးသိန်းဇော် တွင် နောက်စေ့ ကျည်ဖောက်ဝင်ပြီး ပါးစပ်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဦးခင်မောင်ချင်း တွင် ဝဲ-ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ယာ-နံဘေး ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ နောက် ကျော ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ဒေါ်လွင်လွင်ဌေး တွင် နောက်ကျော ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-နံဘေး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-လက်ကောက်ဝတ် ပေါက်ပြဲဒဏ်ရာ ၂ ချက်၊ ဒေါ်သဲနူငယ် တွင် ရင်ညွန့် ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲ-နံဘေး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ယာ-နံဘေး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် ၄ ဦးစလုံး သေဆုံးခဲ့သည်။

       ဖြစ်စဥ်မှာ သေဆုံးသူ ဦးသိန်းဇော်၊(မြနန်းဟေမာန် စားသောက်ဆိုင်ပိုင်ရှင်)နှင့် ဇနီးဒေါ်သဲနူငယ်၊ ကုဋေစု စားသောက်ဆိုင်ပိုင်ရှင် ဦးခင်မောင်ချင်းနှင့် ဇနီးဒေါ်လွင်လွင်ဌေးတို့သည် ၎င်းတို့၏ ဆိုင်များအတွင်း၌ ရှိနေကြစဥ် လူသတ်အကြမ်း ဖက် PDF များ(အင်အားစီစစ်ဆဲ) ရောက်ရှိလာပြီး ဦးသိန်းဇော် ကိ ၎င်းဆိုင်ရှေ့တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ကျန် ၃ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကာ ညောင်ဝန်းကျေးရွာနှင့် ရွှေပြည်ကျေးရွာကြား၊ မန္တလေး-မိုးကုတ်ကားလမ်းမကြီးပေါ်၌ ၎င်း ၃ ဦးစလုံးကိုလည်း သတ်ဖြတ်သွားခဲခြင်းဖြစ်ကြောင်း သိရပါသည်။

       သေဆုံးသူများမှာ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူများဖြစ်ကြသည်။ NUG လက်ဝေခံ PDF အမည်ခံ အကြမ်း ဖက်အဖွဲ့များသည်  စစ်အာဏာ ရှင်တော်လှန်ရေး၊ ဒီမိုကရေးစီရရှိရေး အမည်ခံ ထားသော်လည်း ”ငါနဲ့မတူ ငါ့ရန်သူ” ဟူသော အကြမ်းဖက်ဝါဒဖြင့် ၎င်းတို့နှင့် သဘောထားမတူသော လက်နက်မဲ့ ပြည်ခိုင်ဖြိုးပါတီ ဝင်များ၊ဝန်းရံသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လက်နက်အားကိုးဖြင့် ပစ်မှတ်ထားသတ်ဖြတ်နေကြောင်း သိရပါသည်။

#PAN