“အနောက်အာဖရိကနိုင်ငံ ဖြစ်သည့် Burkina Faso နိုင်ငံ အစိုးရက ၎င်းတို့နိုင်ငံအတွင်းရှိ ပြင်သစ် သံမှူးအား နိုင်ငံတွင်း မတည်မငြိမ် ဖြစ်ပွားစေရန်အတွက် အဖျက်အမှောင့်များ လုပ်ခဲ့သည့် အပြုအမှုများကြောင့်နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် အမိန့်ထုတ်ပြန်ခဲ့”

စက်တင်ဘာ ၁၆

Burkina Faso အစိုးရက ၎င်းတို့နိုင်ငံအတွင်းရှိ ပြင်သစ်သံရုံး၏ သံမှူးအား နိုင်ငံတွင်းမှထွက်ခွာရန် အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အနောက်အာဖရိကတိုက် နိုင်ငံတစ်နိုင်ငံဖြစ်သည့် Burkina Faso နိုင်ငံ၏ အစိုးရက ၎င်းတို့နိုင်ငံအတွင်းရှိ ပြင်သစ်သံရုံးမှ ပြင်သစ် သံမှူးအား နိုင်ငံတွင်း မတည်မငြိမ်ဖြစ်ပွားစေရန် အဖျက်အမှောင့်လုပ်ခဲ့သည့် အပြုအမူများ ကြောင့် ၎င်းတို့ နိုင်ငံအတွင်းမှ ထွက်ခွာရန် ပြီးခဲ့သည့် စက်တင်ဘာ ၁၄ရက်နေ့က အမိန့်ထုတ်ခဲ့​တာလည်း ဖြစ်ပါတယ်။

စက်တင်ဘာ ၁၄ ရက်စွဲဖြင့် အမိန့်ထုတ်ပြန်ချက်တွင် ပြင်သစ်သံမှူး Pasquier နှင့် ၎င်း၏ အမှုထမ်းများအားလုံး နိုင်ငံမှ ထွက်ခွာရန် နှစ်ပတ် အချိန်ပေး ရမည်ဖြစ် ကြောင်း ထုတ်ပြန်ထားတာ လည်းဖြစ်ပါတယ်။

Burkina Faso နိုင်ငံ၏ အသွင်ကူး ပြောင်းရေး အစိုးရသစ်သည်၎င်းတို့နိုင်ငံအတွင်းရှိ ပြင်သစ် သံအမတ်ကြီးနှင့် ကုလသမဂ္ဂဆိုင်ရာ အကြီးတန်း အရာရှိ Barbara Manzi တို့ကို နိုင်ငံတွင်းမှ ထွက်ခွာရန် အမိန့်ထုတ်ပြန်ထားပြီး ပြင်သစ်နိုင်ငံပိုင် မီဒီယာများကိုလည်း ပြန်လည် ချေပမှုများပြုလုပ်ခဲ့ကြကြောင်း သတင်းဌာန များ ကဖော်ပြပြော ဆိုထားကြပါတယ်။