ဧရာဝတီမြစ်အတွင်းမွေးကင်းစရွယ်ကလေးငယ်တစ်ဦး(မိန်းကလေး) ဖော့ပုံးဖြင့် စွန့်ပစ်မှုဖြစ်ပွား


စက်တင်ဘာ ၁၅


မ​ကွေးတိုင်း​​​ဒေသ​ကြီး ၊သရက်မြို့၊ တောင်မင်းတည်းရပ်ကွက်နေသူ တစ်ဦးသည် ယမန်နေ့ နံနက် ၂နာရီအချိန်ခန့်က ဧရာဝတီမြစ်အတွင်း ကလေးငယ်ငိုသံကြား၍ လိုက်လံရှာဖွေရာ ဖော့ပုံးဖြင့် မျှောပါလာသည့် ကလေးငယ်တစ်ဦးတွေ့ရှိရသဖြင့် ဆယ်ယူ ကယ်ဆယ်ထားပြီး သက်ဆိုင်ရာ ရပ်ကွက်လူကြီးထံ အကြောင်းကြား အပ်နှံထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် အဆိုပါ ကလေးငယ်ကို တောင်မင်းတည်းရပ်ကွက်​နေ အမျိုးသမီးတစ်ဦးမှ ခေါ်ယူစောင့်ရှောက်ထားလျက်ရှိ​ပြီး ကလေးငယ်၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်သော ဆေးဝါးများနှင့် အဟာရအတွက် သရက်ခရိုင်ဆေးရုံအုပ်ကြီးနှင့် ကလေးအထူးကုဆရာဝန်ကြီးတို့မှ အထူးကြပ်မတ် ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သတင်းရရှိသည်။

#PAN