ဆွာမြို့နယ်၊စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းတွင် ခိုအောင်းနေသော အကြမ်းဖက်သောင်း ကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့များကို တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်း ချေမှုန်း

စက်တင်ဘာ ၁၅

      ပဲခူးတိုင်းဒေသကြီး၊ ဆွာမြို့နယ်၊စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းတွင် အကြမ်းဖက်သောင်း ကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့များ ခိုအောင်းနေကြောင်း တာဝန်သိဒေသခံပြည်သူများက သတင်းအတိအကျပေးပို့လာမှုကြောင့် ယမန်နေ့ ညနေပိုင်းနှင့် ယနေ့ နံနက်ပိုင်းတွင် တပ်မတော်စစ်ကြောင်းများက  သွား ရောက်၍ နယ်မြေရှင်းလင်း ချေမှုန်းခဲ့ကြောင်း သိရပါသည်။

      ထိုသို့  တပ်မတော်စစ်ကြောင်းများက နယ် မြေရှင်းလင်း ချေမှုန်းခဲ့ရာ KNU နှင့် PDF အကြမ်းဖက်သောင်းကျန်းသူ ၅ ဦးကို လက်လုပ် ၁၂ ဗို့ သေနတ် ၅ လက်၊ အမ် ၁၆ သေနတ် ၅ လက်၊ လက်လုပ်မိုင်း ၂ လုံး၊ ဒီတိုနေတာ ၇၀ ခု၊ယမ်းကြိုး ၅၀ ပေ၊ ဝါယာကြိုး ၅၀ ပေ၊ ပြောက်ကြားယူနီဖောင်း ၁ စုံတို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း၊ တပ်မတော်စစ်ကြောင်းဖက်မှ ထိခိုက်ဒဏ်ရာရ၊သေဆုံးမှုမရှိကြောင်း သတင်း ရရှိပါသည်။

      ပြည်ပြေးအကြမ်းဖက်ဂိုဏ်းချုပ် NUG ၏ လမ်း ညွှန်မှုများကို အကောင်အထည်ဖော်ပေးနေသည့် ပြည်တွင်းအကြမ်းဖက်သောင်းကျန်သူများ ၏ သတင်းများကို အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်လိုကြသော ပြည်သူများက နီးစပ်ရာ လုံခြုံ ရေးအဖွဲ့များထံ လျှို့ဝှက်ပေးပို့မှုများ ပိုမိုလုပ်ဆောင်လာကြကြောင်း၊ ထိုသို့ တာဝန်သိပြည်သူများ၏ သတင်းပေးပို့များကြောင့် အကြမ်းဖက်သောင်းကျန်း သူများမှာ ယခုရက်ပိုင်းအတွင်း တပ်မတော်စစ် ကြောင်းများ၊ နယ်မြေလုံခြုံရေးအဖွဲ့များ၏ နယ်မြေရှင်းလင်းချေမှုန်းမှုများကြောင့် အထိနာကာ ကိုယ် လွတ်ရုန်း၊ ကစဥ်ကလျားဆုတ်ခွာထွက်ပြေးနေကြရကြောင်း သိရပါသည်။

#PAN