လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် အမှတ်(၈)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အကြမ်းဖက် PDFနှစ်ဦးမှ ဗုံးနှစ်လုံးပစ်ပေါက်ထွက်ပြေး

————————————————————————

စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် (အရှေ့ပိုင်း) မြို့နယ် အမှတ်(၈)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို  PDF အကြမ်းဖက်များမှ ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့ ည၇နာရီ၁၀မိနစ်အချိန်ခန့်အချိန်တွင် ဗုံးနှစ်လုံးပစ်ပေါက်ထွက်ပြေး သွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် PDF များသည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက် ဦးပုညလမ်းရှီ အုပ်ချုပ်ရေးမှူးရုံးရှေ့သို့ ဆိုင်ကယ်ဖြင့် လူ ၂ ယောက်ရောက်ရှိလာပြီး ဗုံးသီးတစ်လုံးကိုရုံးဝင်းအတွင်းသို့လည်း​​ကောင်း၊ နောက်ထပ်ဗုံးတစ်လုံးကို ရုံးရှေ့ခြံပေါက်ဝသို့လည်း​ကောင်း ပစ်ပေါက်၍ ထွက်ပြေးသွား​​ကြောင်းသိရသည်။

အဆိုပါပစ်ပေါက်သောဗုံးသီး၂ လုံးမှာ စနစ်တံဖြုတ်ထားခြင်းမရှိသည့်အတွက် လုံးဝပေါက်ကွဲခြင်းမရှိသဖြင့် လူနှင့်အခြားတစ်စုံတစ်ရာထိခိုက်မှု့မရှိကြောင်း သတင်းရရှိသည်။

#PAN