ဘားအံ – သထုံသွားလမ်းမကြီးပေါ် ရှိ ဘားအံမြို့နယ်၊ အထက်ကော့ရင်းကျေးရွာအနီးတွင် ခရီးသည်တင်ယာဉ် တစ်စီး အရှိန်လွန်တိမ်းမှောက်၊ ခရီးသည်တစ်ဦးသေဆုံး

စက်တင်ဘာ ၁၃

     ကရင်ပြည်နယ်၊ ဘားအံ – သထုံသွားလမ်းမကြီးပေါ် ရှိ ဘားအံမြို့နယ်၊ အထက်ကော့ရင်းကျေးရွာအနီးတွင် ယနေ့နံနက် ၇ နာရီ ၁၅ မိနစ်အချိန်ခန့်က ရန်ကုန် – မြဝတီ ခရီးသည်တင်ယာဉ် Hyundai Starex အမျိုးအစား မှန်လုံယာဥ်ငယ် တစ်စီး တိမ်းမှောက်ကာ ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

      ဖြစ်စဥ်မှာ ဘားအံ – သထုံ ကားလမ်းမကြီး ပေါ်ရှိ အထက်ကော့ရင်းကျေးရွာ၊ ဆန်းထူးကုမ္ပဏီကွေ့၌ အဆိုပါ မော်တော်ယာဥ်သည် အရှိန်လွန်ပြီး ရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ယာဥ်ပေါ်တွင် ခရီးသည် ၅ ဦး လိုက်ပါလာပြီး အသက် ၅၂ နှစ်ခန့်အရွယ်ရှိ လက်ပံတန်းမြို့မှ ခရီးသည် အမျိုး သား တစ်ဦး သေဆုံးခဲ့ကြောင်းနှင် ယာဥ်မောင်းမှာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN