“အိန္ဒိယနိုင်ငံက နိုင်ဂျီးရီးယား နိုင်ငံအတွင်း လျှပ်စစ်စွမ်းအင်များ၊ရထားလမ်းများ၊ ဆိပ်ကမ်းပရောဂျက်များ အပါအဝင် အခြေခံ အဆောက်အအုံဆိုင်ရာ ပံ့ပိုးကူညီမှုများ ပြုလုပ်နိုင်ရန် စီစဥ်နေ”

စက်တင်ဘာ ၁၂

အနောက်အာဖရိကနိုင်ငံဖြစ်သည့် နိုင်ဂျီးရီးယား နှငိ့ အိန္ဒိယနိုင်ငံတို့ အကြား နှစ်နိုင်ငံ အတူတကွ စိုက်ပျိုးရေးလုပ်ငန်းများ မြှင့်တင်နိုင်ရန် အတွက် ပူးပေါင်းဆောင် ရွက်မှုများပြုလုပ်သွား ဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံ သည် အာဖရိကတိုက်၏ လူဦးရေအများဆုံးနိုင်ငံတစ်နိုင်ဖြစ်ပြီး နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားများ၊ ရထားလမ်းများ၊ သိုလှောင်ရုံများနှင့် ဆိပ်ကမ်းပရောဂျက်များအပါအဝင် အခြေခံအဆောက်အအုံဆိုင်ရာ ပရောဂျက်များကို ပံ့ပိုးကူညီမှုများပြုလုပ်နိုင်ရန် အတွက် အိန္ဒိယရင်းနှီးမြှုပ်နှံမှုအေဂျင်စီတစ်ခုနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့အကြား ကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပြီးလည်းဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ၏ ရင်းနှိီးမြှုပ်နှံမှုအေဂျင်စီ Invest India နှင့် နိုင်ဂျီးရီးယားနိုင်ငံတို့၏ သဘောတူညီချက်များသည် အနောက်အာဖရိကနိုင်ငံ၏ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်လာစေရန်နှင့် သွင်းကုန်များအပေါ် မှီခိုအားထားမှုကို လျှော့ချနိုင်စေရန် မျှော်လင့်ကြောင်း နိုင်ဂျီးရီးယား အစိုးရကျောထောက်နောက်ခံပြု ကုမ္ပဏီအကြီးအကဲက ပြောကြားထားပါတယ်။

ထိုသို့နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်နိုင်ရန် နှစ် ၃၀ ကျော် အနည်းဆုံး ကန်ဒေါ်လာ $ ၃ထရီလီယံ လိုအပ်မှာဖြစ်တယ်လို့ နိုင်ဂျီးရီးယား နိုင်ငံ အခြေစိုက် Infrastructure Corporation အဖွဲ့ကြီး၏ CEO Lazarus Angbazo ကလည်း ပြောကြားခဲ့တာဖြစ်ပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။