ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တွင် တပ်မဟာမှူး ၃ ဦး  အသစ်ခန့်အပ်

စက်တင်ဘာ ၁၀

        ယခုရက်ပိုင်းအတွင်း ပြုလုပ်ပြီးစီးခဲ့သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၆ လပတ် တပ်မှူးများ အစည်းအဝေးတွင် တပ်မဟာ (၇)၊  တပ်မဟာ (၆)၊ တပ်မဟာ (၄) ၏ တပ်မဟာမှူးများကို အသစ်ခန့်အပ်လိုက်ကြောင်း သိရပါသည်။

      တပ်မဟာ(၄) မှူးအသစ်မှာ ဒုတိယဗိုလ်မှူးကြီးစောဖိုးလေး၊ တပ်မဟာ(၆) မှူးအသစ်မှာ ဗိုလ်မှူး ကြီးစောကို့ထူး၊ တပ်မဟာ(၇) မှူးအသစ်မှာ ဗိုလ် မှူးကြီး စောဒိကွယ်ထူး တို့ဖြစ်ကြကြောင်းသတင်း ရရှိပါသည်။

      လက်ရှိ တပ်မဟာမှူးများမှာ တပ်မဟာ(၄)မှူးမှာ ဗိုလ်မှူးချုပ်စောလေးမူ၊ တပ်မဟာ(၆)မှူးမှာ
ဗိုလ်မှူးချုပ်စောဆာမိစေးဖိုး၊ တပ်မဟာ(၇)မှူးမှာ
ဗိုလ်မှူးချုပ်စောဖောဒို တို့ ဖြစ်ကြသည်။ အဆိုပါ တပ်မဟာမှူးအဟောင်း ၃ ဦးစလုံးသည် NCA ကို ထောက်ခံပြီး နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းလိုကြသဖြင့် ၎င်းတို့ကို ဖယ်ရှားလိုက်ခြင်းဖြစ်ကြောင်း၊ အသစ်ခန့်အပ်လိုက်သော တပ်မ ဟာ(၄)မှူးနှင့် တပ်မဟာ(၆)မှူး တို့မှာ သဘောထားတင်းမာကြကြောင်း၊ တပ်မဟာ(၇)မှူးအသစ်မှာ သဘောထားပျော့ပျောင်းကြောင်း KNU အဖွဲ့နှင် နီးစပ်သူများထံမှ သိရပါသည်။

       အဆိုပါ တပ်မဟာမှူး အသစ်များ ခန့်အပ်ပြီး သက်ဆိုင်ရာ တပ်မဟာနယ်မြေအလိုက် တိုက်ပွဲဖြစ်ပွားမှုများ ကို သတိထားစောင့်ကြည်သွားရမည် ဖြစ်သည်။

#PAN