သပိတ်ကျင်းမြို့နယ်၊သီးကုန်းကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ၊ရပ်/ကျေးဥက္ကဌ တစ်ဦးကို အကြမ်း ဖက်သမားPDF များက လည်ပင်းအား ဓါးဖြင့်လှီးသတ်ဖြတ်

စက်တင်ဘာ ၁၀

        မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့ နယ်၊ဝါးရုံကုန်းကျေးရွာအုပ်စု၊သီးကုန်းကျေးရွာ၊မန္တလေး-ဗန်းမော်ကားလမ်းမဘေးနေသူ ဦးအုန်းလှိုင်၊၇၀နှစ်၊(ဘ)ဦးသောင်းစိန် ကို အကြမ်းဖက် သမား(စိစစ်ဆဲ) PDF များက ယမန်နေ့ ည ၉ နာရီအချိန်ခန့်တွင် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

      အဆိုပါ အကြမ်းဖက်သမား PDF များက ဦးအုန်းလှိုင်၏ နေအိမ်သို့ ရောက်ရှိလာပြီး လက်ပြန် ကြိုးတုပ် ဖမ်းဆီးခေါ်ဆောင်သွားကာ ကားလမ်းမပေါ်အရောက်တွင် လည်ပင်းအား ဓါးဖြင့်လှီး၍ သတ်ဖြတ်သွားကြောင်း သတင်းရရှိပါသည်,

      ဦးအုံးလှိုင် သည် ပြည်ခိုင်ဖြိုးပါတီ၊ရပ်/ ကျေးဥက္ကဌ တစ်ဦးဖြစ်ကြောင်း သိရပြီး တိုင်းဖျက်ပြည်ဆူ ပါတီ NLD ၏ လက်ဝေခံ NUG ပြည်ပြေးအဖွဲ့ မွေးဖွားပေးခဲ့သော PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက ၎င်းတို့အကြမ်းဖက်ဝါဒအရ ”ငါနဲ့မတူ ငါ့ရန်သူ” သဘောထား၍ လက်နက်မဲ့ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ဝန်းရံသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လက်နက်အားကိုးဖြင့် ပစ်မှတ်ထားသတ်ဖြတ်နေခြင်းဖြစ်ကြောင်း သိရပါသည်။

#PAN