ရွေဘိုမြို့နယ် မြင်းချင်းရွာကို အကြမ်းဖက်အဖွဲ့များက ဒရုန်ယာဉ် ၃ စီးဖြင့် တိုက်ခိုက်

စက်တင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုမြို့နယ် ၊ မြင်းချင်းရွာကို ယနေ့ ၊ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် အကြမ်းဖက် PDFအဖွဲ့က ဒရုန်းယာဉ် ၃ စီးဖြင့် ဗုံး ၉ လုံးချကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်အဖွဲ့များမှ ဒရုန်းဖြင့် ပစ်ချဖောက်ခွဲမှုကြောင့် ဗုံးချမှုကြောင့် သေကြေဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

ရွေဘိုမြို့နယ်သည် အကြမ်းဖက် PDFများ၏ ချောင်းမြောင်းပစ်ခတ်ခြင်း ၊၎င်းတို့ကိုမထောက်ခံသူများကို ဖမ်းဆီးခြင်း ၊ပြန်ပေးဆွဲခြင်းများ နေ့စဉ်ရက်ဆက်လုပ်ဆောင်နေကြောင်း မြေပြင်သတင်းများအရ သိရှိရပါသည်။

#PAN