ကော့ကရိတ်မြို့နယ်၊ကျုံဒိုးရဲစခန်းကို PDF အမည်ခံလူသတ်အကြမ်းဖက်သောင်းကျန်းသူများက Drop Bomb ပစ်ချတိုက်ခိုက်


မေ ၃၀

       ယနေ့ နံနက် ၉ နာရီ ၅ မီးနစ်အချိန်တွင် ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်၊ အမှတ်(၂) ရပ်ကွက်ရှိ ကျုံဒိုးရဲစခန်းကို PDF အမည်ခံလူသတ်အကြမ်းဖက်သောင်းကျန်းသူ ဦးစီးခေါင်းဆောင်/ အင်အား(စိစစ်ဆဲ)အဖွဲ့မှ  Drone ယာဉ်ဖြင့် Drop Bomb ၁ လုံးပစ်ချတိုက်ခိုက်ခဲ့ရာ ရဲစခန်းရုံးဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ Drop Bomb ကျရောက်ပေါက်ကွဲမှုကြောင့် ရဲတပ်ဖဲ့ဝင်နှစ်ဦးဖြစ်သော ဒုခရရမှူး(ကော့ကရိတ်)ရဲမှူး ခင်ဇော် တွင် ယာဘက်နောက်ကျော ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ယာဘက်ဒူးခေါင်းဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ဒုရဲအုပ် ကျော်သူရတွင် ယာပေါင်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ/ ယာ ခြေသလုံးဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ဗုံးစဖောက်ဝင်ဒဏ်ရာ၊ လယ်ပင်းပွန်းခြစ် ဒဏ်ရာ(မစိုးရိမ်ရ)နှင့် အရပ် သား တစ်ဦးဖြစ်သူ ဦးကျော်ကျော်ထွန်း၊ ၃၁ နှစ်၊ (ဘ)ဦးခင်မောင်ထွေး၊ဗမာ/ ဗုဒ္ဓ၊ ကျဘမ်းလုပ်၊ ပဒေသာ(၆)လမ်း၊ တံတားဖြူရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူတွင် နောက်ဝဲဘက်ခြမ်းဖြောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲပေါင်းပွန်းခြစ် ဒဏ်ရာ(စိုးရိမ်ရ)ဖြင့် ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအားကျုံဒိုးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူ လျှက်ရှိကြောင်း သတင်းရရှိပါသည်။

PAN