သပိတ်ကျင်းမြို့နယ်၊ကိုးပင်ကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ မောင်ဟိန်းဝင်းဇော် အသက် ၂၂ နှစ်အား အကြမ်းဖက် PDF ၆ ဦးမှ သေနတ်ဖြင့် ပစ်သတ်

မေ ၂၉
ယနေ့ နေ့လည် ၂ နာရီ အချိန်ခန့်တွင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ကျေးရွာအုပ်စု၊ ကိုးပင်ကျေးရွာနေ မောင်ဟိန်းဝင်းဇော် အသက် ၂၂ နှစ် (ဘ) ဦးဖိုးဇော်၏သား ကိုးပင်ကျေးရွာ အုပ်ချုပ်ရေးတာဝန်ခံ ဦးစိုးတင့်၏ သားမက် ဖြစ်သူအား အကြမ်းဖက် PDF များမှ သေနတ်ဖြင့် လာရောက်ပစ်ခတ်ကြရာ နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူမောင်ဟိန်းဝင်းဇော်သည် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူတစ်ဦးလည်း ဖြစ်သည်။
၎င်းပိုင် အခင်းတောသို့ နွားစာပြောင်းကြဲရန် သွားရောက်စဥ် အကြမ်းဖက် PDF ၆ဦးရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ကိုဟိန်းဝင်းဇော် အသက်( ၂၂)နှစ် တွင် နောက်ကျော ကျည်ဖောက်ဝင်ဒဏ်ရာ ၂ချက်၊ယာ-လက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ ဆီးခုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရှိရပါသည်။