မြိတ်မြို့အနီး တနင်္သာရီမြစ်အတွင်း လှေမီးလောင်မှုဖြစ်ပွား၊ ရေလုပ်သားတစ်ဦး မီးဟပ်ဒဏ်ရာရ

(မှုခင်း) နိုဝင်ဘာ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အနီး တနင်္သာရီမြစ်အတွင်း လှေတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ရေလုပ်သားအမျိုးသားတစ်ဦး မီးဟပ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၃ ရက် နံနက် ၈ နာရီခွဲခန့်က မြိတ်မြို့၊ ကျွန်းစုမြို့နယ်၊ ကဏန်းကျွန်းအနီး တနင်္သာရီမြစ်အတွင်း လှေတစ်စီး မီးလောင်နေကြောင်း သတင်းရရှိသဖြင့် မြိတ်ခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၆ စီး၊ လှေ ၃ စီးနှင့် အပေါ့စားစက် ၃ လုံးတို့ဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းထွက်ခွာ၍ မီးငြှိမ်းသတ်ခဲ့ကြသည်။

မီးငြှိမ်းသတ်ရေးအဖွဲ့၏ ကြိုးပမ်းမှုကြောင့် နံနက် ၉ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုအတွင်း ရေလုပ်သားအမျိုးသားတစ်ဦး မီးဟပ်ဒဏ်ရာရရှိခဲ့သည်။ ၎င်း၏ဒဏ်ရာမှာ စိုးရိမ်ရသည့်အခြေအနေမရှိကြောင်း သိရပြီး မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့သည်။

Telegram – t.me/positiveanglenews

#PAN