(စီးပွားရေး) နိုဝင်ဘာ ၁၃
ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ယခုတစ်ပတ်အတွင်း အမျိုးအစားအလိုက် တစ်လီတာလျှင် ၁၇၅ ကျပ်မှ ၂၆၀ ကျပ်အထိ ကျဆင်းလာခဲ့ပြီး ရန်ကုန်မြို့တွင် 92 Ron ဓာတ်ဆီတစ်လီတာ ၄,၂၇၀ ကျပ်အထိ လျော့ကျလာကြောင်း စက်သုံးဆီရည်ညွှန်းဈေးနှုန်းများအရ သိရသည်။
MOPS ဈေးနှုန်းအပေါ် အခြေခံတွက်ချက်ထားသည့် နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်သတ်မှတ်သော ရည်ညွှန်းလက်လီဈေးနှုန်းများအရ ရန်ကုန်မြို့တွင် 92 Ron တစ်လီတာ ၄,၂၇၀ ကျပ်၊ 95 Ron တစ်လီတာ ၄,၃၁၅ ကျပ်၊ ဒီဇယ် (HSD 500 ppm) တစ်လီတာ ၄,၃၈၀ ကျပ်နှင့် ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm) တစ်လီတာ ၅,၃၁၅ ကျပ် သတ်မှတ်ထားသည်။
ယခင်တစ်ပတ်က သတ်မှတ်ထားသည့် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက 92 Ron တစ်လီတာလျှင် ၂၆၀ ကျပ်၊ 95 Ron တစ်လီတာလျှင် ၂၃၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၁၇၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၀၈ ကျပ် အသီးသီး လျော့ကျခဲ့ခြင်းဖြစ်သည်။
အခြားမြို့ကြီးများ၏ စက်သုံးဆီဈေးနှုန်းများအနေဖြင့် မန္တလေးမြို့တွင် 92 Ron တစ်လီတာ ၄,၄၂၅ ကျပ်၊ 95 Ron ၄,၄၇၀ ကျပ်၊ ရိုးရိုးဒီဇယ် ၄,၅၃၀ ကျပ်နှင့် ပရီမီယံဒီဇယ် ၅,၄၇၀ ကျပ် ရှိသည်။
နေပြည်တော်တွင်လည်း 92 Ron တစ်လီတာ ၄,၃၇၅ ကျပ်၊ 95 Ron ၄,၄၂၀ ကျပ်၊ ရိုးရိုးဒီဇယ် ၄,၄၈၅ ကျပ်နှင့် ပရီမီယံဒီဇယ် ၅,၄၂၀ ကျပ် အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါ စက်သုံးဆီရည်ညွှန်းလက်လီဈေးနှုန်းများသည် နိုဝင်ဘာ ၁၉ ရက်အထိ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN