နယ်စပ်ဖြတ်ကျော်လာနိုင်သည့် ဒုက္ခသည်များအတွက် လက်ခံရေးလေ့ကျင့်ခန်း ဖော့ဖရာတွင် ပြုလုပ်

(နိုင်ငံတကာ) နိုဝင်ဘာ ၁၃

ထိုင်းနိုင်ငံ၊ ဖော့ဖရာမြို့နယ်တွင် အိမ်နီးချင်းနိုင်ငံမှ ပဋိပက္ခများကြောင့် ထွက်ပြေးလာနိုင်သည့် ဒုက္ခသည်များကို လက်ခံစစ်ဆေးနိုင်ရေးအတွက် နယ်စပ်ဖြတ်ကျော်ဝင်ပေါက်နှင့် လက်ခံရေးနေရာများ ပြင်ဆင်သည့် လေ့ကျင့်ခန်းတစ်ရပ်ကို နိုဝင်ဘာ ၁၂ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလေ့ကျင့်ခန်းကို ဖော့ဖရာမြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ ဖော့ဖရာမြို့နယ် စေတနာ့ဝန်ထမ်းကာကွယ်ရေးတပ်ဖွဲ့ (VDC) တပ်ရင်း ၉ နှင့် ရာဇမနုအထူးတပ်ဖွဲ့၏ ကွပ်ကဲမှုအောက်ရှိ ၁၄၁၃ ခြေလျင်တပ်ရင်းတို့ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လေ့ကျင့်ခန်းတွင် အိမ်နီးချင်းနိုင်ငံအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေကို တုပ၍ ပဋိပက္ခမှ ထွက်ပြေးလာသူများအတွက် စစ်ဆေးရေးနေရာနှင့် လက်ခံရေးနေရာများ ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လေ့ကျင့်ခန်းကို ဘန်မိုကာထိုင်း (MU 645052 ကိုဩဒိနိတ်) ရှိ ယာယီနယ်စပ်ဖြတ်ကျော်ဂိတ်တွင် စတင်ပြုလုပ်ခဲ့ပြီး ဖော့ဖရာ၊ တောင်ဝါလေး၊ မူး ၁၊ ဘန်မိုကာထိုင်းနှင့် ဝပ်မိုကာထိုင်း (MU 648054 ကိုဩဒိနိတ်) ရှိ လက်ခံရေးနေရာအထိ ဆက်လက်ဆောင်ရွက်ခဲ့သည်။

လေ့ကျင့်ခန်းကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး နယ်စပ်တစ်လျှောက်ရှိ အခြေအနေနှင့် ဖြစ်ပေါ်တိုးတက်မှုများကို ဆက်လက်စောင့်ကြည့်လေ့လာကာ သက်ဆိုင်ရာသို့ အစီရင်ခံစာများ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN