(စီးပွားရေး) အောက်တိုဘာ ၃၀
ပြည်တွင်းစက်သုံးဆီဈေးနှုန်းများအနေဖြင့် ယခုတစ်ပတ်အတွင်း ရန်ကုန်မြို့၌ ဓာတ်ဆီဈေးနှုန်းများ ပြန်လည်ကျဆင်းလာသော်လည်း ဒီဇယ်ဈေးနှုန်းများမှာ ပြန်လည်မြင့်တက်လာကြောင်း စက်သုံးဆီရည်ညွှန်းဈေးနှုန်းများအရ သိရသည်။
အောက်တိုဘာ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့၌ 92 Ron တစ်လီတာလျှင် ၄,၅၄၀ ကျပ်၊ 95 Ron တစ်လီတာလျှင် ၄,၅၉၀ ကျပ်၊ ဒီဇယ် (HSD 500 ppm) တစ်လီတာလျှင် ၄,၅၁၅ ကျပ်နှင့် ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm) တစ်လီတာလျှင် ၅,၄၈၀ ကျပ်အထိ ရှိနေပြီး ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက 92 Ron တစ်လီတာလျှင် ၁၇၅ ကျပ်နှင့် 95 Ron တစ်လီတာလျှင် ၂၄၅ ကျပ်စီ ကျဆင်းခဲ့ပြီး ဒီဇယ်တစ်လီတာလျှင် ၇၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၁၀၅ ကျပ်စီ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စက်သုံးဆီရည်ညွှန်းဈေးနှုန်းများသည် နိုဝင်ဘာ ၅ ရက်အထိ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက စက်သုံးဆီရည်ညွှန်းဈေးနှုန်းများကို MOPS ဈေးနှုန်းအပေါ် အခြေခံတွက်ချက်၍ ထုတ်ပြန်ပေးလျက်ရှိပြီး သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် ပိုမိုရောင်းချခြင်းနှင့် ဈေးနှုန်းမမှန်ကန်မှုများရှိပါက ကော်မတီထံ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

Telegram – t.me/positiveanglenews
#PAN