(မှုခင်း)အောက်တိုဘာ ၁၂
ရန်ကုန် -မန္တလေးအမြန်လမ်း၊ မိုင်တိုင် ၁၁၆/၆-၁၁၆/၇ အကြားတွင် ယာဥ်မောင်းအိပ်ငိုက်မှုကြောင့် ယာဥ်မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၀ရက် မွန်းလွဲ၂နာရီအချိန်က ရန်ကုန် -မန္တလေးအမြန်လမ်း၊ နေပြည်တော်မှရန်ကုန်သို့ ယာဉ်မောင်းပါ အမျိုးသား ၁ဦး ၊အမျိုးသမီး ၁ဦး စုစုပေါင်း (၂)ဦးလိုက်ပါလာသည့် SUZUKI SWIFT အမျိုးအစား အဖြူရောင် Hatchback ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိအရိပ်ရပင်များကိုတိုက်မိခဲ့သောယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဥ်မတော်တဆမှုကြောင့် ယာဉ်ပေါ်ပါလာသူ အမျိုးသမီး ၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊အမြန်လမ်း၌ ဖြစ်ပွားသော ယာဉ်မတော် တဆမှု များအားလုံး၏ အများစုသည် ယာဉ်မောင်း အိပ်ငိုက်ခြင်း ကြောင့်ဖြစ်ပါ၍ ယာဉ်မောင်းများ အနေဖြင့် ၂ နာရီဆက်တိုက် မောင်းနှင်ပြီးတိုင်း ယာဉ်ရပ်နား စခန်းများတွင် ခေတ္တနားနေကြပါရန်နှင့် ယာဥ်ပေါ်ပါသူအားလုံး ထိုင်ခုံခါးပတ် (Seat Belt) မဖြစ်မနေသေချာစွာပတ်ထားရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ သတိပေးလှုံ့ဆော်ထားသည်။

Telegram – t.me/positiveanglenews
#PAN