
(ပြည်တွင်း) အောက်တိုဘာ ၇
ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။
အောက်တိုဘာ ၅ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ညောင်ကုန်းရပ်ကွက်နေ ဦးရိုဘဲတို့(၃၉)နှစ်သည် ဖယ်ခုံမြို့၊ မြို့လယ်အဝိုင်းအနီးရှိ နေအိမ်ခြံဝင်းအတွင်း မြက်ရိတ်စက်ဖြင့် မြက်ရှင်းနေစဉ် အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဦးရိုဘဲတို့တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး တောင်ကြီးမြို့၊ အမှတ်(၂)စစ်မြေပြင်ဆေးတပ်ရင်းသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။