မုဒုံမြို့တွင် နေအိမ်အတွင်း ဝင်ရောက်၍ ခြိမ်းခြောက်စာပြကာ ဓားပြတိုက်သူ အမျိုးသမီး ဖမ်းဆီးရမိ

(မှုခင်း) စက်တင်ဘာ ၃၀

မွန်ပြည်နယ်၊ မုဒုံမြို့ မြို့မ(၂)ရပ်ကွက်၊ ဗညားနွဲ့လမ်းရှိ နေအိမ်တစ်အိမ်တွင် စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က နေအိမ်အတွင်း ဝင်ရောက်၍ ခြိမ်းခြောက်စာပြကာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် မြို့မ(၂)ရပ်ကွက်၊ ဗညားနွဲ့လမ်းနေ ဒေါ်လှယဉ်ဝင်းနှင့် ဒေါ်စောကြည်တို့ နှစ်ဦး နေအိမ်၌ ရှိနေစဉ် မုဒုံမြို့၊ မြို့မ(၁)ရပ်ကွက်နေ ဒေါ်မျိုးသူဇာက နေအိမ်အတွင်း ဝင်ရောက်လာပြီး ခြိမ်းခြောက်စာပြကာ ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဓားပြတိုက်သူ အမျိုးသမီးအား ရပ်ကွက်နေပြည်သူများနှင့် လုံခြုံရေးတာဝန်ရှိသူများမှ ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့ထံသို့ အပ်နှံခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါအမှုနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN