တောင်ကြီး-အေးသာယာ အဆင်းလမ်းတွင် ရွှေတောင်ရိုး ခရီးသည်တင်ယာဉ် ချောက်ထဲကျလုနီးဖြစ်ပွား

(ပြည်တွင်း) စက်တင်ဘာ ၂၆

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှ အေးသာယာဘက်သို့ ဆင်းသည့်လမ်း၊ ပစောက်ကွေ့အနီးတွင် ရွှေတောင်ရိုး ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲကျလုနီး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က တောင်ကြီး-ရန်ကုန် ပြေးဆွဲနေသည့် ရွှေတောင်ရိုး ခရီးသည်တင်ယာဉ်သည် ရှေ့မှကားတစ်စီးကို ရှောင်တိမ်းစဉ် လမ်းချော်ပြီး ချောက်ဘက်သို့ ထိုးကျသွားခဲ့ရာ လမ်းဘေးရှိ ဓာတ်တိုင်တစ်တိုင်က ယာဉ်ကိုထိန်းထားနိုင်ခဲ့သဖြင့် ချောက်ထဲသို့ မကျခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်ပေါ်တွင် ခရီးသည်များ လိုက်ပါလာခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ဖြစ်စဉ်အနေရာသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များက သွားရောက်ကူညီပေးခဲ့ကြောင်းလည်း သိရသည်။