မြဝတီမြို့တွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွား

(ပြည်တွင်း) စက်တင်ဘာ ၁၃

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဗုံးပေါက်ကွဲမှု (၂) ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၃ရက် နံနက် ၁နာရီအချိန်က မြဝတီမြို့၊ ရဲစခန်းအနီးရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့နှင့် ရေပူမီးပွိုင့်အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၎င်းပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိခဲ့သော်လည်း ကား (၂) စီးနှင့် ရေပူမီးပွိုင့်ရှိ မော်တော်ပီကယ်ရုံး မီးလောင်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသို့ လုံခြုံရေးပူးပေါင်းအဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN