(မှုခင်း) စက်တင်ဘာ ၁၃
Online လောင်းကစားဂိမ်းများအား ဦးဆောင်လုပ်ကိုင်သူ (Senior Agent) များအားရန်ကုန်နှင့် မန္တလေးမြိူ့ကြီးများတွင် ဖော်ထုတ်ဖမ်းဆီးရမိကြောင်း သိရသည်။
စက်တင်ဘာ ၂ ရက်တွင် Ibet 789 Online လောင်းကစားဂိမ်း Senior Agent ဖြိုးသိင်္ဂီအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လက်ကိုင်ဖုန်း ၂ လုံးဖြင့် လည်းကောင်း၊ Senior Agent နှင်းဝတ်ရည်ကျော် အပါအဝင် တရားခံ ၃ ဦးအား မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၅)၊ အိမ်အမှတ်(၆၇၀)၌ လက်ကိုင်ဖုန်း ၈ လုံး၊ Laptop ၁ လုံး၊ Tablet ၁ လုံး၊ မော်တော်ယာဉ် ၁ စီးတို့ဖြင့် လည်းကောင်း၊ စက်တင်ဘာ ၄ ရက်တွင် Online လောင်းကစားဂိမ်း Senior Agent ကျော်စိုးလင်းအား လှိုင်သာယာမြို့နယ်၊ ရေအုပ်ကန်ရပ်ကွက်ရှိ Mandarin Hotel ၌ လက်ကိုင်ဖုန်း ၂ လုံး၊ မော်တော်ယာဉ် ၂ စီးတို့ဖြင့် လည်းကောင်း၊ Online လောင်းကစားဂိမ်း Senior Agent ယဉ်ယဉ်နုအား သာကေတမြို့နယ်၊ အနော်မာ(၁)ရပ်ကွက်၊ လမ်းသစ်(၁)လမ်း၊ အမှတ်(၆၆/က)၌ လက်ကိုင်ဖုန်း ၁ လုံးဖြင့် လည်းကောင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် Online လောင်းကစားလုပ်ငန်းလုပ်ကိုင်သူ တရားခံ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၇ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်အတူ Online လောင်းကစားဂိမ်း Agent ဆောင်ရွက်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း ၁၃ လုံး၊ Laptop ၁ လုံး၊ Tablet ၁ လုံး၊ မော်တော်ယာဉ် ၃ စီးတို့အား သိမ်းဆည်းရမိခဲ့သဖြင့် အမှုဖွင့်လှစ်၍ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ Online လောင်းကစား Agent အဖြစ် ဦးစီးဆောင်ရွက်နေသူများကိုလည်း ဆက်လက်ဖော်ထုတ်ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်းနှင့် မိဘပြည်သူများအနေဖြင့် Online လောင်းကစား Agent အဖြစ် ဆောင်ရွက်နေသူများအား သိရှိပါက သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN