ငဖဲမှာ နိုင်ငံသားစိစစ်ရေးကတ်နှင့် UIDကတ်များ ပေးအပ်

(ပြည်တွင်း) စက်တင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာက ကျောင်းသူကျောင်းသားများအတွက် နိုင်ငံသားစိစစ်ရေးကတ်နှင့် UIDကတ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကျောင်းသူကျောင်းသားအတွက် နိုင်ငံသားစိစစ်ရေးကတ်နှင့် UIDကတ်များ ပေးအပ်ခြင်းကို စက်တင်ဘာလ ၉ ရက်နေ့ ဇင်ပြွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကတ်ပြားများ ပေးအပ်ခြင်းအခမ်းအနားမှာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက အမှာစကားပြောကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဦးစီးမှူး ဦးသန်းဌေးက နိုင်ငံသားစိစစ်ရေးကတ်နှင့် UIDကတ်များထုတ်ပေးခြင်းနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။

မြို့နယ်ရုံးဝန်ထမ်းများက အသက်၁၀နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသည့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိရာ အသက်၁၀နှစ်ပြည့်ပြီးသည့် ကျောင်းသား/ကျောင်းသူ ၄၃ ဦးအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UIDကတ်များ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ပေးမှုအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်လင်း၊ ငဖဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။