(မှုခင်း) သြဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ဆည်တွင်းကျေးရွာမှ လင်မယားနှစ်ဦးအား အကြမ်းဖက်PDFနှစ်ဦးမှ သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ကြောင်း သိရသည်။
သြဂုတ်လ၂၃ ရက်နေ့ ညနေ၆နာရီ၂၀မိနစ်အချိန်ခန့်တွင် ရမည်းသင်းမြို့နယ်၊ ဆည်တွင်းကျေးရွာနေ ဦးကျော်ကျော်၊၄၄နှစ်၊(ဘ) ဦးရှမ်းပေါနှင့် ဇနီးဖြစ်သူ ဒေါ်ဝင်း၊၄၅နှစ်၊(ဘ)ဦးသန်းငွေနှင့်အတူ Click အနက်ရောင် ဆိုင်ကယ်ဖြင့် ရွှေဒါးကျေးရွာရှိ ရွေမင်းဝံတောရကျောင်းမှ ပြန်လာစဥ် ရွှေဒါးကျေးရွာ၊လေးမျက်နှာဘုရား၏ အနောက်တောင်ဘက်၊ ဝါးရုံကုန်းကွင်းအရောက်တွင် အင်္ကျီအနက်ရောင် ဝတ်ဆင်ထားပြီး Alpha အနက်ရောင် ဆိုင်ကယ်ဖြင့် အမျိုးသား ၂ ဦးမှ ဆိုင်ကယ်အား ရပ်တန့်ခိုင်းရာ လက်နက်ငယ်အား အင်္ကျီဖြင့်အုပ်၍ ကိုင်ဆောင်ထားသည်ကို တွေ့ရှိသဖြင့် ဦးကျော်ကျော်မှ ဆိုင်ကယ်အား ရပ်တန့်ပေးခြင်းမရှိဘဲ ဆက်လက်မောင်းနှင် ထွက်ပြေးခဲ့သည်။
ထိုသို့ထွက်ပြေးစဥ် ဆိုင်ကယ်တားသူ ၂ဦးအနက် တစ်ဦးမှ လက်နက်ငယ်ဖြင့် ၃ချက်ပစ်ခတ်ခဲ့ရာ ဦးကျော်ကျော် တွင် ဝဲ-ချိုင်းအောက် ဖောက်ဝင်ဒဏ်ရာ ၁ချက်(မစိုးရိမ်ရ)၊ဒေါ်ဝင်းတွင် ဝဲ-လက်ညိုးရင်း ရှပ်ထိဒဏ်ရာ ၁ချက်(မစိုးရိမ်ရ)တို့ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ သေနတ်ထိမှန်ဒဏ်ရာရရှိသူ ၂ ဦးအား ရမည်းသင်းခရိုင်ပြည်သူ့ဆေးရုံကြိီးသို့ ပို့ဆောင် ဆေးကုသပေးခဲ့ကြောင်း သိရသည်။

Telegram»…https://t.me/positiveanglenews
#PAN