
(မှုခင်း) ဇူလိုင် ၃၀
ကလေးသူငယ်များအား ဆေးဝါးများတိုက်ကျွေးပြီး အသိစိတ်ကင်းမဲ့နေစဉ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ကာ ဗီဒီယိုများရိုက်ကူး၍ Telegram မှတစ်ဆင့် ငွေကြေးအကျိုးအမြတ်ရယူ ရောင်းချခဲ့သူတစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေအရ အလုပ်နှင့် ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်နေ
မောင်—-၊ ၁၁ နှစ်သည် ကျောင်းဆင်းပြီး အိမ်ပြန်လာချိန် ကျောင်းအတူ တက်ခဲ့ဖူးသည့် သူငယ်ချင်းဖြစ်သူကို တွေ့ရှိခဲ့ပြီး သူငယ်ချင်း
ဖြစ်သူနှင့်အတူလာသည့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ဖော့ကန်ရပ်ကွက်နေ မျိုးမင်းထွန်း(ခ)ဖိုးသားက နေအိမ်သို့ အလည်လိုက်ခဲ့ရန်ခေါ်ဆောင်သဖြင့် ညီဖြစ်သူကို ခေါ်ဆောင်ကာ မျိုးမင်းထွန်း(ခ)ဖိုးသား၏ နေအိမ်သို့ ရောက်သောအခါအားဆေးသောက်ရမည်ဟုပြောကာ ၎င်းသောက်သုံးနေသည့်စိတ်ငြိမ်ဆေးလုံး ၁၀ လုံးစီနှင့် ဆန်ချိုအရက်အား အချိုရည်ဟုဆို၍ လိမ်လည်တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ကလေးငယ်များ အသိစိတ်ကင်းမဲ့နေချိန်တွင် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုများ ပြုလုပ်ခဲ့သည့်အပြင် ကလေးအချင်းချင်း လိင်ပိုင်းဆိုင်ရာပြုမူစေကာ ဗီဒီယိုများရိုက်ကူးပြီး Telegram အကောင့်မှတစ်ဆင့် အခကြေးငွေယူ၍ ဖြန့်ချိရောင်းချခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဥ်နှင့်ပတ်သက်၍ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စု (ရန်ကုန်)မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ အင်းစိန်မြို့မရဲစခန်း (ပ) ၁၆၉/၂၀၂၆ နှင့် (ပ) ၁၇၀/၂၀၂၆၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ တို့ဖြင့် အမှုရေးဖွင့်တရားစွဲဆိုခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂၇ ရက်တွင် အင်းစိန်ခရိုင် တရားရုံးမှ တရားခံ မျိုးမင်းထွန်း(ခ) ဖိုးသားအား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အမှုတစ်မှုချင်းစီအတွက် အလုပ်နှင့်ထောင်ဒဏ် ၂၀ နှစ်စီ သီးခြားကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။