(ပြည်တွင်း) ဇူလိုင် ၂၅

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဓာတ်အားပြတ်တောက်မှုများ လျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဓာတ်အားလိုင်းများတစ်လျှောက် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများနှင့် အန္တရာယ်ရှိသည့် သစ်ပင်များအား ခုတ်ယူရှင်းလင်းသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။အဆိုပါ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၃၃ ကေဗွီ ပျဉ်းမနားဓာတ်အားလိုင်းအား ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၆ ရက် နံနက် ၇ နာရီမှ ညနေ ၄ နာရီအထိ ယာယီဓာတ်အားပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။လုပ်ငန်းဆောင်ရွက်စဉ် ပျဉ်းမနားမြို့ပေါ်ရှိ ရပ်ကွက်များ၊ ကျေးရွာများနှင့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဓာတ်အားယာယီပြတ်တောက်မှု ဖြစ်ပေါ်မည်ဖြစ်သည်။ယင်းသို့ ဓာတ်အားလိုင်းပိတ်၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပျဉ်းမနားမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတို့မှ ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ထို့အပြင် ပျဉ်းမနား-လယ်ဝေး လမ်းဟောင်းဘေး၊ အောင်မင်္ဂလာရပ်ကွက်ရှိ အန္တရာယ်ရှိသော ကုက္ကိုပင်ခြောက်အားလည်း ခုတ်ယူရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။ဓာတ်အားပြတ်တောက်မည့် ဧရိယာများရှိ ရုံးဌာနများနှင့် အများပြည်သူဆိုင်ရာနေရာများကို ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားသည်။