(မှုခင်း) ဇူလိုင် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယမန်နေ့ဇူလိုင် ၁၃ ရက် နေ့လယ်ပိုင်းက ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

ဟဲဟိုးမြို့၊ တီခေါင်တောင်ကျေးရွာအုပ်စု၊ ပေါပဲကျေးရွာ၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၈၆/၆) နှင့် (၈၆/၇) အကြားတွင် ဇူလိုင် ၁၃ ရက် နေ့လယ် ၂ နာရီခွဲခန့်က ရန်ကုန်မှ ရပ်စောက်သို့ မောင်းနှင်လာသော စက်သုံးဆီတင်ယာဉ်တစ်စီးသည် ဘရိတ်ချော်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

မီးဘေးအန္တရာယ်ကာကွယ်ရန် ဟဲဟိုးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ယာဉ်အား အအေးခံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ဖြစ်စဉ်နှင့်ပတ်သက်၍ ဆီဘောက်ဆာယာဉ်မောင်းအား ဟဲဟိုးနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိသည်။
Telegram….https://t.me/positiveanglenews#PAN