နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့မိမြို့ဖများနှင့် တွေ့ဆုံ၊ “ချယ်ရီပန်းမြို့တော်” အဖြစ် ဂုဏ်ပုဒ်များ ပြန်လည်ဖော်ထုတ်ရန် တိုက်တွန်း  

(ပြည်တွင်း) ဇူလိုင် ၁၂                            

    နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇူလိုင် ၁၀ ရက်က ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဉ်၌ မြို့မိမြို့ဖများနှင့် တွေ့ဆုံကာ ဒေသ၏ သမိုင်းဝင်အမွေ အနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် စံပြမြို့တော်အဖြစ် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် လမ်းညွှန်မှာကြားခဲ့သည်။

   တွေ့ဆုံပွဲတွင် သမ္မတက ပြင်ဦးလွင်မြို့သည် သမိုင်းကြောင်းအရ တန်ဖိုးကြီးမားလှသည့် မြို့ဖြစ်ကြောင်း၊ ဒေသတွင် နေထိုင်သူတိုင်းအနေဖြင့် ၎င်း၏ ထူးခြားသောပတ်ဝန်းကျင်နှင့် ဂုဏ် သတ္တိများကို စဉ်ဆက်မပြတ် ထိန်းသိမ်းရန် တာဝန်ရှိကြောင်း ပြောကြားသည်။          

     အထူးသဖြင့် ဒေသ၏ ထင်ရှားသည့် ဂုဏ်ပုဒ်များဖြစ်သော “ချယ်ရီပန်းမြို့တော်” နှင့် “ပန်းမြို့တော်” ဟူသည့် ဂုဏ်ပုဒ်များကို ပြန်လည်ဖော်ထုတ်ရန်နှင့် စိမ်းလန်းစိုပြည် သော ပတ်ဝန်းကျင်ကို အခြေခံ၍ “ကျန်းမာရေးမြို့တော်” နှင့် “ကော်ဖီမြို့တော်” အဖြစ် ဖွံ့ဖြိုးတိုးတက်စေရန်အားလုံး ဝိုင်းဝန်းကြိုးပမ်းကြရန် တိုက်တွန်းခဲ့သည်။         

     သမ္မတသည် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ ဆက်သွယ်သည့် လမ်းများအဆင့်မြှင့်တင်ရေး၊ စားနပ် ရိက္ခာဖူလုံစေရန် စိုက်ပျိုးမွေးမြူရေးကို စနစ် တကျလုပ်ဆောင်ရေးနှင့် ရေအရင်းအမြစ်များဖြစ်သည့် ဆည်၊ ချောင်း၊ ရေ လှောင်ကန်များကို ရေရှည်တည်တံ့စေရန် ထိန်းသိမ်းရေးတို့ကို လမ်းညွှန်ခဲ့သည်။ ထို့အပြင် မြို့ပြလုံခြုံရေးအတွက် အမြဲသတိရှိကြရန်နှင့် အသိတရားရှိရန် အားလုံးတွင် တာဝန်ရှိကြောင်း ဆက် လက်ပြောကြားသည်။

     ပြင်ဦးလွင်မြို့တွင် ပညာရေးထူးချွန်သော အစဉ်အလာရှိသည့်အတွက် ကျောင်းသားများ၊ မိဘများနှင့် ဆရာများအနေ ဖြင့် ကျောင်းသားများ၏ အတန်းစဉ်ကူးပြောင်းမှုနှုန်း ပိုမိုမြင့်မားလာစေရန်အတွက် အလေးထားပြီး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း သမ္မတက အလေးပေး ပြောကြားခဲ့သည်။                          

  မြို့မိမြို့ဖကိုယ်စားလှယ် ဦးအောင်မြင့်က မြို့၏ ပညာ ရေး၊ ကျန်း မာရေး၊ ဘာသာရေးနှင့် လူမှုရေးကဏ္ဍများကို တတ်နိုင်သမျှ မြှင့်တင်ဆောင်ရွက်နေမှုများ၊ ကန်တော်လေး ကန် ပတ်လမ်းအဆင့်မြှင့်တင်ရန် လိုအပ်ချက်များ၊ ကျောင်းအားကစားကွင်းများ၊ ရေကူးကန်များနှင့် တင်းနစ်ကွင်းများ တည်ဆောက်ရန်၊ ဂဲလောင်ချောင်းဘေးတစ်လျှောက်တွင် ထိန်းနံရံများ တည် ဆောက်ရန်နှင့် လမ်းဘေးဝဲယာတွင် လမ်းလျှောက်လမ်းများ ပြုလုပ်ရန်၊ စိုက်ပျိုးရေးကဏ္ဍအတွက် စိုက်ပျိုးရေးသွင်းအားစုများ ပံ့ပိုးပေးရန်နှင့် ရပ်ကွက်၊ ကျေးရွာလမ်းအချို့ကို အဆင့်မြှင့်တင်ရန် လိုအပ်ချက်များကို တင်ပြခဲ့သည်။              

     သမ္မတနှင့်အဖွဲ့သည် အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ သွားရောက်၍ ဥယျာဉ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အဖြစ် ချယ်ရီပင် စိုက်ပျိုးခြင်းကို ကြည့်ရှုပြီး ရုရှားဖက်ဒရေးရှင်း၊ နိုဗိုဆီဘစ် မြို့တော်အစိုးရမှ ပေးအပ်သော ဆိုက်ဘေးရီးယား ဆိုင်ဒါး (Siberia Cider) အပင်ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့ပြင် ခရိုင်အားကစားကွင်းအနီး ရေကူး ကန် တည်ဆောက်ရန် ရွေးချယ်ထားသော နေရာကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။                

Telegram»… https://t.me/positiveanglenews

#PAN