ရေနံချောင်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၊ (၃) ဦးဒဏ်ရာရ

(မှုခင်း) ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ သစ်တပွေရပ်ကွက်ရှိ ရေနံချောင်း-မကွေး ကားလမ်းမပေါ်၌ ဇူလိုင် ၁၀ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်က ယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဥ်တိမ်းမှောက်မှုဖြစ်ပွားသည့်နေရာသို့ ရေနံချောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ကျား(၃)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား ရေနံသာပရဟိတအသင်းလူနာတင်ယာဉ်ဖြင့် ရေနံချောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN