ကုန်စည်ထုတ်လုပ်မှုစရိတ်ကြီးမြင့်ခြင်းနှင့် ထောက်ပံ့မှုမမျှ တခြင်းကြောင့် ဖြစ်ပေါ်လာသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ပြည်ပပို့ကုန်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လမ်းညွှန်    

(ပြည်တွင်း) ဇူလိုင် ၈                             

   နိုင်ငံအတွင်း လိုအပ်ချက်နှင့် ထောက်ပံ့မှု မမျှတခြင်း၊ ကုန် စည်ထုတ်လုပ်မှုစရိတ်များ မြင့်မားလာခြင်းတို့ကြောင့် ဖြစ်ပေါ် လာသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးအတွက် အဓိကစိန်ခေါ်မှုများဖြစ်နေသဖြင့် ယင်းကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားလိုက်သည်။ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၌ ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံ တော်သမ္မတက ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။      

  နိုင်ငံတော်သမ္မတက အစိုးရအဖွဲ့အနေဖြင့် မိမိတို့သက် တမ်းကာလအတွင်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းရန် တာ ဝန်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ စီးပွားရေးကဏ္ဍတွင် ပြည်ပပို့ကုန်ပမာဏကို ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများက စနစ်တကျ ကြပ်မတ်ရန် တိုက်တွန်းခဲ့ပြီး၊ ပြည်တွင်းစားသုံးမှုအတွက် ဖွဲနုဆီထုတ် လုပ်ခြင်းအပါအဝင် ပြည်ပသို့တင်ပို့မည့် စိုက်ပျိုးရေးအခြေခံ ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်မှုကဏ္ဍတွင် ပြည် တွင်းစီးပွားရေးလုပ်ငန်းရှင်များ ပိုမိုရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ခဲ့သည်။ အထူးသဖြင့် ဆန်စပါး ပြည်ပတင်ပို့မှုပမာဏ တိုးမြှင့်ရေးကို အလေးထားဆောင်ရွက်ရန် လို အပ်ကြောင်း ၎င်းက ဆိုသည်။                   

     နိုင်ငံတော်စီးပွားရေး မြှင့်တင်ရန် စီမံကိန်းများ ရေးဆွဲရာ တွင် အချက်အလက်နှင့် ကိန်းဂဏန်းများသည် မြေပြင်အခြေ အနေနှင့် ကိုက်ညီမှုရှိရန် အလွန်အရေးကြီးကြောင်း နိုင်ငံတော်သမ္မတက ထောက်ပြခဲ့သည်။ ပြည်ပမှ စက်သုံးဆီနှင့် စားအုန်း ဆီ တင်သွင်းမှုကို လျှော့ချနိုင်မည့် နည်းလမ်းများကို ရှာဖွေရမည်ဖြစ်ပြီး၊ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် ကျောက်မီး သွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ် လုပ်မည့် စီမံကိန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်း/ပြည်နယ် အာဏာပိုင်များက အကောင်အထည်ဖော်ရန် လမ်းညွှန်ခဲ့သည်။           

    ထို့ပြင် ပို့ဆောင်ရေးကဏ္ဍတွင် စက်သုံးဆီသုံးစွဲမှု လျှော့ချရန်အတွက် ပြည်သူ့ပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်ရေးတို့အတွက် ရထားခရီးစဉ်များကို တိုးမြှင့်ပြေးဆွဲပေးခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ကုန်သွယ်မှုကဏ္ဍတွင်လည်း တရားမဝင်ကုန်သွယ်မှုများသည် နိုင်ငံတော်စီးပွားရေးကို ထိ ခိုက်နစ်နာစေသဖြင့် ကုန်သွယ်မှုလုပ်ငန်းစဉ်များကို တရားဝင်ဖြစ်စေရန် ကြပ်မတ်စစ်ဆေးသွားမည် ဖြစ်သည်။

      ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန် တီးပေးနိုင်ရန် ပြည်တွင်း၌ လျှပ်စစ်ကားများ လုံးချင်းတပ်ဆင်ထုတ်လုပ်သည့်လုပ်ငန်း (Comprehensive assembly) ကို လည်ပတ်ဆောင်ရွက်ရန်လည်း လမ်းညွှန်မှာကြားခဲ့သည်။

    နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်သမ္မတက ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာ၌ ရိက္ခာထောက်ပံ့မှု၊ တည်းခိုနေ ထိုင်မှုတို့အပြင် လုံခြုံရေး၊ သန့်ရှင်းလှပရေးနှင့် သွားလာရေးအဆင်ပြေချောမွေ့စေရေးတို့ကိုပါ ထည့်သွင်းစဉ်းစားရန် မှာ ကြားခဲ့သည်။                       

     ထို့ပြင် အစိုးရအဖွဲ့ဝင်များအနေဖြင့် ယခင်က ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များနှင့် အတွေ့အကြုံများမှ သင်ခန်းစာယူ၍ မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် ကာလအတွင်း နိုင်ငံတော်နှင့် ဒေသတွင်း အကျိုးစီးပွားအတွက် တာဝန်သိသိဖြင့် အမှန်တကယ် တာဝန် ကျေပွန်စွာ လုပ်ဆောင်ကြရန် တိုက်တွန်းခဲ့သည်။       

    အဆိုပါအစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညွန့်စောနှင့် နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကမူ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

Telegram»…
https://t.me/positiveanglenews

#PAN