ရော်ဘာခြံအတွင်းရှိ ချောင်းထဲ၌ သေဆုံးနေသည့် အမျိုးသားအလောင်း တွေ့ရှိ

(မှုခင်း) ဇူလိုင် ၇

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ရော်ဘာခြံအတွင်းတွင် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က သံဖြူဇရပ်မြို့နယ်၊ ကွာန်ဝဲရာဲကျေးရွာအနီး ရော်ဘာခြံအတွင်းရှိ ချောင်းထဲတွင် သေဆုံးသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။

အဆိုပါ သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းအား စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်းမှ သံဖြူဇရပ်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#PAN