ပုလဲအိမ်ယာဝန်းအတွင်းတွင် အမျိုးသမီးရုပ်အလောင်းတစ်လောင်း တွေ့ရှိ

(မှုခင်း) ဇူလိုင် ၇

ရန်ကုန်တိုင်း​ဒေသကြီး မင်္ဂလာဒုံမြို့နယ် ပုလဲအိမ်ယာဝန်းအတွင်းတွင် အမျိုးသမီးရုပ်အလောင်းတစ်လောင်း တွေ့ရှိရကြောင်း သိရသည်။

ယနေ့နံနက် ၈နာရီခွဲအချိန်ခန့်က မင်္ဂလာဒုံမြို့နယ် ပုလဲအိမ်ယာဝန်းအတွင်းတွင် အသက်(၃၀)ခန့်အမျိုးသမီးတစ်ဦး၏ရုပ်အလောင်းအား လည်ပင်းကြိုးညစ်ထားသည့် ပုံစံဖြင့် လာရောက်စွန့်ပစ်ထားကြောင်း၊ ထိုအမျိုးသမီးတွင် တတ်တူးပုံများကို လက်နှင်ကျောကုန်းတို့တွင် ထိုးထားကြောင်း သိရသည်။

အဆိုပါသေဆုံးသူအမျိုးသမီးရုပ်အလောင်းအား ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့်အတူ မေဓါဝီဆေးရုံသို့ပို့ဆောင်ကူညီပြီး သေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်း သိရှိနိုင်ရန် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

#PAN