အီရန်အဓိပတိ ခါမေနီ၏ ဈာပနပို့ဆောင်မှု တီဟီရန်တွင် စတင်၊ ကလဲ့စားချေမည်ဟု စစ်ဦးစီးချုပ် ကြုံးဝါးပြီး အမေရိကန်-အစ္စရေး ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများ ဖြစ်ပွား

(နိုင်ငံတကာ) ဇူလိုင် ၇

   အမေရိကန်-အစ္စရေး ညွန့်ပေါင်းတပ်ဖွဲ့၏ လေကြောင်းတိုက် ခိုက်မှုကြောင့် ကွယ်လွန်သွားခဲ့ရသည့် အီရန်နိုင်ငံ၏ အဓိပတိကြီး အယာတိုလာ အလီ ခါမေနီ (Ali Khamenei) ၏ ဈာပနပို့ဆောင်မှု အခမ်းအနား (Funeral procession) ကို ဇူလိုင်လ ၆ ရက် တနင်္လာနေ့တွင် မြို့ တော် တီဟီရန်၌ အကြီးအကျယ် စတင်ကျင်းပခဲ့ရာ ဝမ်း နည်းပူဆွေးသူ လူအုပ်ကြီး သိန်းနှင့်ချီ၍ တက်ရောက်ခဲ့ကြသည်။

အီရန်အာဏာပိုင်များသည် ဤတစ်ပတ်ကြာ ကျင်းပမည့် ဈာ ပနအခမ်းအနားကို အသုံးချ၍ စစ်ပွဲအတွင်း အစိုးရ၏ ကြံ့ကြံ့ခံနိုင်မှုကို ပြသနေပြီး လုပ်ကြံမှုအတွက် ပြင်းထန်စွာ ကလဲ့စားချေသွားမည်ဟု ကြုံးဝါးခဲ့ကြသည်။  

     အသက် ၈၆ နှစ်အရွယ်ရှိ ခါမေနီသည် အီရန်နိုင်ငံကို ၃၇ နှစ်နီးပါးကြာ အုပ်ချုပ်ခဲ့ပြီးနောက်၊ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့ခြင်း ဖြစ်သည်။ တီဟီရန်မြို့ရှိ မိုဆာလာ (Mosalla) ဝတ်ပြုကျောင်းကြီး၌ ၎င်း၏ရုပ်အလောင်းနှင့်အတူ ၎င်းနှင့်အတူတကွ သေဆုံးခဲ့ရသည့် သမီး၊ သမက်၊ ချွေးမနှင့် ၁၄ လအရွယ် မြေးမလေးတို့၏ ရုပ်အလောင်းများကိုပါ အတူတကွ ပြသထားရှိခဲ့သည်။ ၎င်းနောက် တနင်္လာနေ့တွင် မြို့တော်အတွင်း ၁၂ နာရီကြာ လှည့်လည်ပို့ဆောင်မှုအစီအစဉ်ကို စတင်ခဲ့ခြင်း ဖြစ်သည်။             

     သတင်းများအရ တီဟီရန်အရှေ့ပိုင်းရှိ အီမာမ်ဟူစိန် (Imam Hussein)ရင်ပြင်တွင် စုဝေးခဲ့ကြသည့် လူအုပ်ကြီးသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပုံတူရုပ်ကလာပ်ကို ဆွဲကြိုးချဆန္ဒပြခဲ့ကြသည့်အပြင် ဒုသမ္မတ ဂျေဒီဗန့်စ်၊ ကာကွယ် ရေးဝန်ကြီး ပိဟက်ဆက်သ်နှင့် အစ္စရေးဝန်ကြီး ချုပ် နေတန်ယာဟုတို့၏ ဓာတ်ပုံများကို ကိုင်ဆောင်ကာ “သွေးကြွေးဆပ်ရမည်” (There will be blood) ဟု ကြွေးကြော်ခဲ့ကြသည်။



     အီရန်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အမီးရ် ဟာတာမီ (Amir Hatami)ကလည်း “ဒီရာဇဝတ်မှုကို ကျူးလွန်ခဲ့သူတွေအနေနဲ့ ကျွန်တော်တို့ တရားမျှတမှုအတွက် ကလဲ့စား ချေမယ့် ခရီးကို ဘယ်တော့မှ ရပ်တန့်မှာမဟုတ်ဘူးဆိုတာ သိထားရမယ်” ဟု နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် သတိပေးခဲ့သည်။ အခမ်းအနားသို့ အီရန်၏ ထောက်ပံ့မှုကို ရယူထားသည့် ပါလက်စတိုင်းလက်နက် ကိုင်အဖွဲ့ ဟားမတ်စ်နှင့် လေဘာနွန် ဟစ်ဇဘိုလာအဖွဲ့တို့မှ ကိုယ် စားလှယ်အဖွဲ့များလည်း တက်ရောက်ခဲ့ကြသည်။               


     ယခု ဈာပနအခမ်းအနားတွင် ခါမေနီ၏ သား ၃ ဦး လူသိရှင် ကြား ထွက်ပေါ်လာခဲ့သော်လည်း၊ ဖခင်ဖြစ်သူ ကွယ်လွန်ပြီးနောက် အဓိပတိအသစ်အဖြစ် အမည်စာရင်း တင်သွင်းခံထားရသည့် သားဖြစ်သူ မာ့ဂျ်တာဘာ ခါမေနီ (Mojtaba Khamenei) မှာမူ လူထုရှေ့သို့ ရောက်ရှိလာခြင်းမရှိသေးပေ။ ၎င်းသည် ဖခင်နှင့်အတူ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်မှုအခြေအနေကို လျှို့ဝှက်ထားဆဲ ဖြစ်သည်။              

     တစ်ချိန်တည်းမှာပင် အီရန်အာဏာပိုင်များက ညီညွတ်မှုကို ပြသရန် ကြိုးပမ်းနေသော်လည်း ခါမေနီနှင့် သဘော ထားကွဲလွဲခဲ့ဖူးသည့် ကွယ်လွန်သူသမ္မတ ပီဇက်ရှ်ကီယန်၏ ယခင်ရာထူးဆက်ခံသူ နိုင်ငံရေးခေါင်းဆောင်ဟောင်းများ ဈာပနသို့ တက်ရောက်လာခြင်းမရှိသည်ကို တွေ့ရသည်။ ခါမေနီ၏ ရုပ်အလောင်းကို ကွန်းမ် (Qom) မြို့နှင့် အီရတ်ရှိ မြင့်မြတ်သောမြို့များသို့ ဆက်လက်ပင့်ဆောင်ကာ ကြာသပတေးနေ့တွင် ၎င်း၏ မွေးရပ်မြေ မာရှတ် (Mashhad) မြို့၌ သင်္ဂြိုဟ်သွားမည် ဖြစ် ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN