မိုနာကို ဗုံးခွဲမှုတွင် အမျိုးသားအသွင် ဟန်ဆောင်ခဲ့သည့် ယူကရိန်းအမျိုးသမီးကို အင်တာပိုလ် အနီရောင်အဆင့်ဖြင့် အလိုရှိ၊ ဂျာမနီတွင် ဝင်ရောက်စီးနင်း ရှာဖွေမှုများ ပြုလုပ်

(နိုင်ငံတကာ) ဇူလိုင် ၄

      မိုနာကို (Monaco) နိုင်ငံရှိ ချမ်းသာကြွယ်ဝသူများ နေထိုင်ရာ တိုက်ခန်းအဆောက်အအုံတစ်ခုတွင် ဖြစ်ပွားခဲ့ပြီး ရုရှားနှင့် ဆက်နွှဲမှုရှိသည့် ယူကရိန်းဆောက်လုပ်ရေး သူဌေးကြီးတစ်ဦးကို ပစ်မှတ်ထားသော ဗုံးခွဲတိုက်ခိုက်မှု၌ အမျိုးသားအသွင် ဟန် ဆောင်ခဲ့သူ ယူကရိန်းအမျိုးသမီးတစ်ဦးကို အဓိကသံသယရှိသူအဖြစ် နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) က ယနေ့ သောကြာနေ့တွင် အနီရောင်အဆင့် အသိပေးချက် (Red Notice) ထုတ်ပြန်ကာ အမည်ပျက်စာရင်းသွင်း လိုက်ပြီဖြစ်သည်။                           

     ပြီးခဲ့သည့် တနင်္လာနေ့က မိုနာကိုရှိ တိုက်ခန်းဝင်ပေါက်တစ်ခုတွင် အဝေးထိန်းခလုတ် (Remote control) သုံး၍ ဗုံးခွဲတိုက် ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ယူကရိန်း ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီး ဗာဒင် ယာမိုလာအိဗ် (Vadym Yermolaiev)၊ ၎င်း၏ ဇနီး/အပေါင်းအဖော်နှင့် သားဖြစ်သူတို့ အပါအဝင် အနီးနားရှိ လူအချို့ ဒဏ်ရာရရှိခဲ့သည်။

     ယာမိုလာအိဗ်သည် လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကတည်းက ယူကရိန်းနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ခဲ့သူဖြစ်ပြီး ရုရှားနှင့် စီးပွား ရေးပတ်သက်မှုများကြောင့် ၂၀၂၃ ခုနှစ်တွင် ယူကရိန်း၏ ပိတ် ဆို့အရေးယူမှု ခံထားရသူဖြစ်သည်။ မိုနာကို ဒုတိယအစိုးရရှေ့နေ မော်ဂန် ရေမွန် (Morgan Raymond) ၏ အဆိုအရ ကနဦးတွင် စီစီတီဗီ (CCTV) မှတ်တမ်းများ၌ သံသယရှိသူကို အင်္ကျီလက်ရှည်အမည်း၊ ဘောင်းဘီတိုနှင့် ကတ်မှောက်ဦးထုပ် ဝတ်ဆင်ထားသည့် ခန္ဓာကိုယ်ထွားကျိုင်းသော “အမျိုးသားတစ်ဦး” ဟု ယူဆခဲ့ကြသည်။

     သို့သော်လည်း ရက်ပိုင်းအလို မှတ်တမ်းများနှင့် မျက် မြင်သက်သေများ၏ ထွက်ဆိုချက်များကို အသေး စိတ် ပြန်လည်စစ်ဆေးရာတွင် ထိုသူသည် အမှန်စင်စစ် အမျိုး သားအသွင် ဟန်ဆောင်ထားသည့် အသက် ၃၉ နှစ်အရွယ် ယူကရိန်းအမျိုး သမီး အန်နာစတာစီယာ ဘီရီဇော့ဗ်စကာ (Anastasiia Berezovska) ဖြစ်နေကြောင်း ပေါ်ပေါက်ခဲ့သည်။

အင်တာပိုလ်၏ ထုတ်ပြန်ချက်တွင် ဘီရီဇော့ဗ်စကာကို လူ သတ်ရန် ကြံစည်မှု၊ အများပြည်သူဆိုင်ရာနေရာ၌ ဓဖောက်ခွဲရေးပစ္စည်း ထားရှိမှုနှင့် ရာဇဝတ်မှုဆိုင်ရာ ပူးပေါင်းကြံစည်မှုများဖြင့် အလိုရှိနေခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးသူများသည် သံသယရှိသူ မိုနာကိုတွင် အသုံးပြုခဲ့သည့် ဂျာမနီလိုင်စင်စကပ်တပ် ငှားရမ်းယာဉ်ကို ခြေရာခံနိုင်ခဲ့ပြီးနောက် သူမ ပြင်သစ်မှတစ်ဆင့် ဥရောပနိုင်ငံအချို့ကို ဖြတ်ကျော်ကာ ဂျာမနီနိုင်ငံသို့ ထွက်ပြေးသွားခဲ့သည့် လမ်း ကြောင်းကို ဖော်ထုတ်နိုင်ခဲ့သည်။              

     ဂျာမနီ ရာဇဝတ်မှုခင်းရဲတပ်ဖွဲ့ကလည်း စုံစမ်းစစ်ဆေးမှု၏ အစိတ်အပိုင်းအဖြစ် ၎င်းတို့နိုင်ငံအတွင်းရှိ ၎င်းအမျိုး သမီး ငှားရမ်းနေထိုင်ရာ တိုက်ခန်းနှင့် မော်တော်ယာဉ်ကို ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပြီး မိုနာကိုအာဏာပိုင်များထံ လွှဲ ပြောင်းပေးမည့် သက်သေအထောက်အထားအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ သို့သော်လည်း လက်ရှိတွင် အဆိုပါအမျိုးသမီးမှာ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ် ကြောင်း အတည်ပြုခဲ့သည်။                            

     မိုနာကိုမင်းသား အဲလ်ဘတ် ဒုတိယ (Prince Albert II) က ယခုဖြစ်စဉ်ကို “စက်ဆုပ်ရွံရှာဖွယ် လုပ်ရပ်” ဟု ရှုတ်ချထားပြီး တရားခံနှင့် နောက်ကွယ်က ပူးပေါင်းကြံစည်သူများကို ဖမ်းဆီးနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများကို အရှိန်မြှင့် လုပ်ဆောင်လျက်ရှိသည်။                

Telegram»…
https://t.me/positiveanglenews

#PAN