
(ပြည်တွင်း) ဇွန် ၃၀
လမ်းဘေးဝဲယာနေရာများနှင့် မြို့ပြ/ကျေးရွာမြေအဖြစ် သတ် မှတ်ထားခြင်းမရှိသည့် နေရာများတွင် စနစ်တကျမရှိဘဲ လူ နေအိမ်ခြေများ ဆောက်လုပ်အခြေချ နေထိုင်လာခြင်းသည် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အခက်အခဲများကို ဖြစ်ပေါ်စေနိုင်သဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိရောက်စွာ ကြီးကြပ်ကွပ်ကဲသွားရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ထည့်သွင်းသတိပေး ညွှန်ကြားလိုက်သည်။
မနေ့နံနက်ပိုင်းက သမ္မတရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တွေ့ဆုံသည့် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက ဆောက်လုပ်ရေးနှင့် အုပ်ချုပ်ရေးကဏ္ဍ၊ စီးပွားရေးနှင့် ပြည် တွင်းထုတ်လုပ်မှုမြှင့်တင်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လမ်းညွှန်ချက်များကို အကျယ်တဝန့် မိန့်ကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတက ဝေးလံခေါင်းပါးသော နယ်စပ်ဒေသများတွင် လမ်းပန်းဆက်သွယ်ရေးနှင့် ဆက်သွယ်ရေးကွန်ရက်များ ကောင်းမွန်အောင် ဆောင်ရွက်ခြင်းကို ဦးစားပေး လုပ် ဆောင်ရန် လိုအပ်ပြီး ယင်းအတွက် နိုင်ငံတော်မှ ရန်ပုံငွေများ ပံ့ပိုးပေးလျက်ရှိကြောင်း ပြောကြားသည်။ ထို့ပြင် ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs)သည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသဖြင့် ပြည်တွင်းထုတ်လုပ်မှုအားကောင်းစေရန် MSME လုပ်ငန်းများကို အားပေးမြှင့်တင်ရမည်ဟု ဆိုသည်။
လက်ရှိကြုံတွေ့နေရသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ပတ် သက်၍ ပြည်တွင်းထုတ်လုပ်မှု မြင့်မားလာပါက သွင်း ကုန်များကို လျှော့ချနိုင်ပြီး ပို့ကုန်များကို တိုးမြှင့်နိုင်မည်ဖြစ်ရာ ကုန်ဈေး နှုန်းများကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်မည်ဖြစ် ကြောင်း ထောက်ပြခဲ့သည်။ သွင်းအားစုပစ္စည်းများ ဈေးနှုန်းမြင့်မားခြင်းကြောင့် ထုတ်လုပ်မှုစရိတ်ကြီးမြင့်ကာ ကုန်ဈေးနှုန်းတက်ရခြင်းဖြစ်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုသည်။ ထို့ပြင် ဒေသခံပြည်သူများ မိမိတို့ဒေသ၌ပင် အခြေချလုပ်ကိုင်နိုင်စေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးရန် တိုက်တွန်းခဲ့သည်။
လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် သီးထပ်စိုက်ပျိုးမှုစနစ်များနှင့် စုပေါင်းစနစ်ကို အသုံးပြုရန်၊ မွေးမြူရေးကဏ္ဍအတွက် ကျွမ်းကျင်ပညာရှင်များကို ပညာသင်ဆုများပေး၍ လေ့ကျင့်ပျိုးထောင်ရန် ညွှန်ကြားခဲ့သည်။ ပညာရေးကဏ္ဍ၌ လိုအပ်လျက်ရှိသော မူလတန်းပြဆရာ၊ ဆရာမများကို စနစ်တကျ သင်ကြားပြသနိုင်ရေးအတွက် သင်ကြားရေးနည်းစနစ် (Methodology) သင်တန်းများ စဉ်ဆက်မပြတ် ပေးရမည်ဖြစ်ကြောင်းနှင့် ကျန်း မာရေးကဏ္ဍတွင် ဆေးရုံများ၌ ဆရာဝန်၊ သူနာပြု ဝန်ထမ်းအင် အား တိုးမြှင့်ကာ နိုင်ငံတော်ရန်ပုံငွေ ပိုမိုပံ့ပိုးသွားမည် ဖြစ် ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာမျိုးသိန်းကျော်၊ ဦးမင်းနောင်နှင့် ဦးမျိုးသန့်တို့အပြင် တိုင်းနှင့်ပြည် နယ် ဝန်ကြီးချုပ်များက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံမှု အခြေအနေများ၊ ဆရာ/ဆရာမ ခန့်အပ်မှု၊ စိုက်ပျိုးဧက မှန်ကန်ရေးနှင့် အထွက်နှုန်းတိုးတက်ရေး၊ လမ်းတံတား ပြုပြင်တည်ဆောက်ရေး လုပ်ငန်းစဉ်များကို အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။
Telegram»…
https://t.me/positiveanglenews
#PAN