
(နိုင်ငံတကာ) ဇွန် ၂၉
ဂျာမနီနိုင်ငံမြောက်ပိုင်း စတာ့ဒ် (Stade) မြို့ရှိ လူငယ်စောင့် ရှောက်ရေးဂေဟာတစ်ခုတွင် တနင်္လာနေ့(ဇွန် ၂၉ ရက်)က သေ နတ်ဖြင့် အကြမ်းဖက်ပစ်ခတ်မှုတစ်ရပ် ဖြစ် ပွားခဲ့ရာ လူ ၅ ဦး သေဆုံးပြီး အခြားသူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထုတ်ပြန်လိုက်သည်။
ယခုဖြစ်စဉ်သည် သေနတ်ကိုင်ဆောင်ခွင့်ဥပဒေ အလွန်တင်းကြပ်သည့် ဂျာမနီနိုင်ငံတွင် နှစ်ပေါင်းများစွာအတွင်း သေ)ဆုံးမှုအများဆုံး အစုလိုက်အပြုံလိုက် ပစ်ခတ်မှုများအနက် တစ်ခုဖြစ် သည်။
သတင်းများအရ ဟမ်းဘာ့ဂ် (Hamburg) မြို့အနောက်ဘက် ၅၀ ကီလိုမီတာအကွာ အယ်လ်ဘီ(Elbe) မြစ်ကမ်းပေါ်တွင် တည် ရှိပြီး လူဦးရေ ၅၀,၀၀၀ ခန့်ရှိသော စတာ့ဒ်မြို့လယ်တောင်ဘက် ဒန်ကာ့စ်စထရပ်ဆေ(Dankersstra-sse) လမ်းရှိ လူငယ်စောင့် ရှောက်ရေးဂေဟာ၌ သေနတ်သမားက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကျည်ကအင်္ကျီများ ဝတ်ဆင်ထားသည့် ရဲတပ်ဖွဲ့ဝင်အမြောက်အမြားနှင့် လူနာတင်ယာဉ်များကျောက်ခင်းလမ်းမပေါ်တွင် စုပြုံရောက်ရှိလာခဲ့ပြီး ခေါင်းပေါ်တွင်လည်း ရဟတ်ယာဉ်များ ပျံသန်းကာ အကြီးစားစစ်ဆင်ရေးတစ်ခုကို လုပ်ဆောင်ခဲ့ရသည်။ ရဲတပ်ဖွဲ့က ပြည်သူများအနေဖြင့် မိမိတို့လုံခြုံရေးအတွက် အဆိုပါဧရိယာကို ဝေးဝေးက ရှောင်ကွင်းသွားကြရန် ကနဦး သတိပေးချက် ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် ရဲတပ်ဖွဲ့သည် အဓိကပစ်ခတ်သူဟု ယူဆရသည့် သေနတ်သမားအပြင် ဒုတိယမြောက် ပြစ်မှုကျူးလွန်သူဟု သံသ ယရှိသူတစ်ဦးကိုပါ ထိန်းသိမ်းထားနိုင်ခဲ့ပြီ ဖြစ်သည်။ အခင်း ဖြစ်ပွားရာနေရာ၌ အတိအကျ မည်သို့ဖြစ်ပျက်ခဲ့သည်နှင့် ပစ် ခတ်ရသည့် နောက်ကွယ်က အကြောင်းအရင်းကို ဆက်လက်စုံစမ်းစစ်ဆေးနေပြီး လက်ရှိတွင် ပြည်သူများအတွက် အန္တရာယ်ရှိမည့် အခြေအနေ မရှိတော့ကြောင်း ရဲတပ်ဖွဲ့က အာမခံပြောကြားထားသည်။
ဂျာမနီနိုင်ငံသည် အသက် ၂၅ နှစ်အောက် မည်သူမဆို သေ နတ်လိုင်စင်မလျှောက်မီ စိတ်ကျန်းမာရေးစစ်ဆေးမှု မဖြစ်မနေ အောင်မြင်ရမည်ဟူသော ဥရောပတွင် အတင်းကြပ်ဆုံး သေနတ်ဥပဒေရှိသည့် နိုင်ငံဖြစ်သောကြောင့် ယခု ကဲ့သို့ အစုလိုက်အပြုံ လိုက် ပစ်ခတ်မှုများမှာ အလွန်ခဲယဉ်းသည်။
သို့သော်လည်း ၂၀၂၀ ပြည့်နှစ် ဟာနောမြို့တွင် လက်ယာစွန်းအစွန်းရောက်တစ်ဦး၏ ပစ်ခတ်မှုကြောင့် ၉ ဦး သေဆုံးခဲ့မှု၊ ၂၀၂၃ ခုနှစ် ဟမ်းဘာ့ဂ်မြို့ ခရစ်ယာန်အသင်းတော်ပစ်ခတ်မှုတွင် ၆ ဦး သေဆုံးခဲ့မှုတို့ကဲ့သို့သော ဝမ်း နည်းဖွယ်ဖြစ်စဉ်မျိုး ရံဖန် ရံခါ ပေါ်ပေါက်တတ်ပြီး ယခုဖြစ် စဉ်သည် မကြာသေးမီကာလအတွင်း သေဆုံးမှုအဆိုးရွားဆုံးဖြစ်စဉ်တစ်ခု ဖြစ်လာခဲ့သည်။
Telegram»…
https://t.me/positiveanglenews
#PAN