နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ယွမ်ငွေဖြင့်ပါ လက်ခံနေပြီဖြစ်ကြောင်း သမ္မတပြော၊ တရုတ်လုပ်ငန်းရှင်များကို EV နှင့် နည်းပညာအပါအဝင် ကဏ္ဍစုံတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်

(ပြည်တွင်း)ဇွန် ၁၉

     ​​မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် ပထဝီဝင်တည် နေရာ၊ သဘာဝနှင့် လူသားအရင်းအမြစ်များကို တရုတ်နိုင်ငံ၏ အဆင့်မြင့်နည်းပညာ၊ ဈေးကွက်များနှင့် ထိရောက်စွာပေါင်းစပ်ရန် မြန်မာနိုင်ငံအနေဖြင့် အသင့်ရှိနေကြောင်းနှင့် နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုချောမွေ့စေရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အမေရိကန်ဒေါ်လာအပြင် တရုတ်ယွမ်ငွေဖြင့်ပါ တရားဝင်လက်ခံပေးနေပြီဖြစ်ကြောင်း သမ္မတက အလေးအနက် ပြောကြားလိုက်သည်။

     တရုတ်-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြုလုပ်သည့် ထိပ်သီးအစည်းအဝေးတွင် သမ္မတက အထက်ပါအတိုင်း ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားငွေပေးချေမှုများတွင် တရုတ်ယွမ်ငွေကိုပါ တရားဝင်ခွင့်ပြုပေးခဲ့ခြင်းကြောင့် တရုတ်ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုလွယ်ကူအဆင်ပြေလာမည်ဖြစ်ကြောင်း ဆိုသည်။

     တရုတ်-မြန်မာ ကုန်သွယ်မှု ကဏ္ဍအတွက် နှစ်နိုင်ငံအကြား စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့နိုင်မည့် SPS ပရိုတိုကောများ လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းနေသကဲ့သို့ ၂၀၂၁ ခုနှစ်ကတည်းက လိုင်စင်ရဘဏ်များနှင့် ငွေလဲကောင်တာများတွင် ယွမ်ငွေရောင်းဝယ်ခွင့်ပြုခဲ့ပြီး နယ်စပ်ဒေသများ၌လည်း ကျပ်-ယွမ် တိုက်ရိုက်ပေးချေမှုကို အခြေ ချလုပ်ဆောင်ပေးထားပြီးဖြစ်သည်။

     ယခုအခါ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အပြန်အလှန် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားပြီးဖြစ်ရာ တရုတ်စီးပွား ရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး၊ မွေးမြူရေးအခြေ ခံတန်ဖိုးမြှင့်ထုတ်ကုန်၊ ဆေးဘက်ဆိုင်ရာပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ လျှပ်စစ်ကား(EV) ထုတ် လုပ်မှု၊ ရေနံနှင့် ရေနံထွက်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများအပြင် အီးကော်မတ်စ် (e-commerce) နှင့် ဒစ်ဂျစ်တယ်ဝန် ဆောင်မှု ကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် အထူးဖိတ်ခေါ်ထားသည်။

     သမ္မတက ရှင်းလင်းပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ရေရှည်တည်တံ့သော ဂေဟစနစ်နှင့် မျှတသော စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုကို အလေးထားသဖြင့် ပြည်တွင်းဥပဒေများနှင့်အညီ တာဝန်ယူမှုရှိသော တရုတ်ရင်းနှီးမြှုပ်  နှံမှုများကို အပြည့်အဝကာကွယ်ပေးသွားမည်ဖြစ်ပြီး လုပ်ငန်းများ ချောမွေ့စွာလည် ပတ်နိုင်ရေးအတွက် ပံ့ပိုးကူညီသွားမည်ဟု ဆိုသည်။

     ထို့ပြင် မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် အခြားဒေသများသို့ ကုန်စည်များကို ပြန်လည်တင်ပို့နိုင်သည့် (Re-export) ဈေးကွက်အပြင် အဓိကမဟာဗျူဟာမြောက်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းလည်း ရှိနေသဖြင့် ကုန် သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ပိုမိုကျယ်ပြန့်စွာ တိုးချဲ့သွားနိုင်မည်ဖြစ်ကြောင်း ၎င်းက ဖြည့် စွက်ပြောကြားခဲ့သည်။

     အဆိုပါ ထိပ်သီးအစည်းအဝေးနှင့် သီးခြားတွေ့ဆုံပွဲများအပြီးတွင် သမ္မတသည် စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ နေ့လယ်စာ အတူတကွသုံးဆောင်ကာ မြန်မာ့ရိုးရာယဉ် ကျေးမှု ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး၊ ပြန် လည်ထွက်ခွာချိန်တွင် MCITP မှ တာဝန်ရှိသူများနှင့် နှစ်နိုင်ငံစီးပွားရေးလုပ် ငန်းရှင်များက လိုက်လံပို့ဆောင်နှုတ် ဆက်ခဲ့ကြသည်ဟု သတင်း ရရှိပါသည်။

Telegram»…
https://t.me/positiveanglenews

#PAN