ထိုင်းမင်းသမီး ဘာဂျာကီတီယာဗါ ကွယ်လွန်ခြင်းအတွက် မြန်မာအစိုးရကိုယ်စား ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်ဆန်း ထိုင်းသံရုံး၌ ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုး

(ပြည်တွင်း)ဇွန် ၁၇

     ​​ထိုင်းနိုင်ငံ၏ သမီးတော်ကြီး မင်းသမီး ဘာဂျာကီတီယာဗါ (Princess Bajrakitiyabha) ကွယ်လွန်သွားခဲ့သည့် အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကိုယ်စား သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်ဆန်းသည် ရန်ကုန်မြို့ရှိ ထိုင်းသံရုံး၌ ဖွင့်လှစ်ထားသည့် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် သွား ရောက်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

     သက်တော် ၄၇ နှစ်ရှိပြီဖြစ်သည့် ထိုင်းဘုရင်၏ သမီးတော်အကြီးဆုံး မင်းသမီး ဘာဂျာကီတီယာဗါ (Princess Bajrakitiyabha Narendiradebyavati) သည် ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ် သည်။

​     ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်ဆန်းသည် မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းသံရုံးသို့ ရောက်ရှိရာတွင် ထိုင်းသံရုံး ယာယီတာဝန် ခံနှင့် တာဝန်ရှိသူများက သံရုံးအစည်းအဝေးခန်းမ၌ လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးက မင်းသမီးကြီး ကွယ် လွန်ခဲ့မှုအပေါ် မြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများကိုယ်စား အထူးဝမ်းနည်းကြေကွဲရပါကြောင်း ပြောကြားခဲ့ပြီး၊ ထိုင်းတော်ဝင်မိသားစု၊ ထိုင်းအစိုးရနှင့် ထိုင်းပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း ဆုတောင်းသဝဏ်လွှာ ပါဝင်သည့် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် အလေးအနက် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN