အမေရိကန်နှင့် အီရန် ‘ဒီဂျစ်တယ်စနစ်’ ဖြင့် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပြီးကြောင်း ကြေညာ၊ ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောများ ပြန်လည်မောင်းနှင်နေပြီဖြစ်သော်လည်း အခြေအတင်ဖြစ်ဆဲ

(နိုင်ငံတကာ) ဇွန် ၁၆

     အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ဖြစ် ပွားနေသည့် စစ်ရေးပဋိပက္ခများကို အဆုံးသတ်ရန်အတွက် ကနဦးသဘောတူညီချက်ဆိုင်ရာ ‘ဒီဂျစ်တယ် နားလည်မှုစာချွန်လွှာ (MoU)’ ကို နှစ်ဖက်စလုံးက လက်မှတ်ရေးထိုးခဲ့ကြပြီ ဖြစ် ကြောင်း အမေရိကန်အဆင့်မြင့်အရာရှိများက အတည်ပြုလိုက်သည်။

     တစ်ပြိုင်နက်တည်းမှာပင် စစ်ပွဲကြောင့် ပိတ်ဆို့ခံထားရသည့် ကမ္ဘာ့အရေးပါဆုံး ရေနံသယ်ယူပို့ဆောင်ရေးလမ်း ကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ကုန်သွယ်ရေးနှင့် ရေနံတင်သင်္ဘောများ စတင်ဖြတ်သန်းမောင်းနှင်နေပြီဖြစ်ကြောင်း ဂျီဆဲဗင်း (G7) ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ပြင်သစ်သို့ ရောက်ရှိနေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ပ်က ထုတ်ဖော်ပြောကြားခဲ့သည်။

     အဆိုပါ ကနဦးသဘောတူညီချက်အရ ဟော်မုဇ်ရေလက် ကြားကို ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး၊ အီရန်ဆိပ်ကမ်းများအပေါ် ချမှတ်ထားသည့် အမေရိကန်ရေတပ် ၏ စစ်ဘက်ဆိုင်ရာပိတ်ဆို့မှုကို ရုပ်သိမ်းကာ စစ်မျက်နှာအားလုံးတွင် တိုက်ပွဲများကို ရပ်စဲသွားမည်ဖြစ်သည်။

     အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ အဆိုအရ အီရန်ဘက်က ကတိကဝတ်များကို လိုက်နာပါက ပင်လယ်ကွေ့မဟာ မိတ်နိုင်ငံများက စိုက်ထုတ်ပေးမည့် ဒေါ်လာ ဘီလီယံ ၃၀၀ တန်ဖိုးရှိ ပြန်လည်ထူထောင်ရေး ရန်ပုံငွေတစ်ရပ်ကို အီရန်အနေဖြင့် ရရှိနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

​     သို့သော်လည်း စာချုပ်ချုပ်ဆိုပြီးနောက် မြေပြင်တွင် လုပ် ငန်းစဉ်များ ပုံမှန်အတိုင်းဖြစ်ရန် လပေါင်းများစွာ အချိန်ယူရဦးမည်ဖြစ်သည်။ လက်ရှိတွင် ရေအောက်မိုင်းအန္တရာယ်များကြောင့် မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များကို ရက်ပေါင်း ၄၀ မှ ၅၀ ခန့်အထိ ဆက်လက်လုပ်ဆောင်ရဦးမည်ဖြစ်ရာ၊ ရေလက် ကြားတွင် ကုန်တင်သင်္ဘောအစင်းရေ ၅၀၀ ခန့်နှင့် သင်္ဘောသား ၂၀,၀၀၀ ကျော် သောင်တင်စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။

     ထို့ပြင် အနာဂတ်စီမံခန့်ခွဲမှုပိုင်းနှင့် ပတ်သက်၍လည်း နှစ်ဖက်အကြား အခြေအတင်ဖြစ်နေသည်။ အမေရိကန်က ရေ လက်ကြားကို အခွန်အခကောက်ခံမှုမရှိဘဲ (Toll-free) ရေရှည်ဖွင့်လှစ်လိုသော်လည်း၊ အီရန်နိုင်ငံခြားရေးဝန်ကြီး ဌာနကမူ ဖြတ်သန်းခအဖြစ် “အခကြေးငွေများ” ကောက်ခံသွားမည်ဟု တုံ့ပြန်ထားသည်။

     တစ်ပြိုင်နက်တည်းမှာပင် ဝါရှင်တန်အရာရှိများ၏ အဆိုအရ ယခုသဘောတူညီချက်တွင် လက်ဘနွန်အတွင်း တိုက်ပွဲများရပ် ဆိုင်းရန် ပါဝင်သော်လည်း၊ လက်ရှိသိမ်းပိုက်ထားသော လေဘာနွန်နယ်မြေများမှ အစ္စရေးစစ်တပ် ဆုတ်ခွာပေးရန် စာချုပ်တွင် အတိအလင်း တောင်းဆိုထားခြင်းမရှိကြောင်း သိရသည်။

     ထို့ကြောင့် အီရန်၏ နျူကလီးယားအစီအစဉ်၊ ဒေသတွင်းလက်ဝေခံများအရေးနှင့် ပိတ်ဆို့မှုရုပ်သိမ်းရေး စသည့် ပိုမိုနက်ရှိုင်းသည့် ပြဿနာရပ်များကို လာမည့်ရက်ပေါင်း ၆၀ ကြာ ဆွေးနွေးပွဲကာလအတွင်း ဆက်လက်ကိုင်တွယ်ဖြေရှင်းသွားရမည် ဖြစ်သည်။ အဆိုပါ သဘော တူညီချက်စာသားအပြည့်အစုံကို လာမည့်သောကြာနေ့ ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်မည့် တရားဝင်အခမ်းအနားတွင် ထုတ်ပြန်သွားမည်ဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

#PAN