
(မှုခင်း) ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့ ခင်တန်းရပ်ကွက်တွင် ဇွန် ၁၅ ရက် နေ့လယ်ပိုင်းကမောင်နှမသုံးဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသူများမှာ အသက် ၁၂ နှစ်အရွယ် အမွှာမောင်နှမဖြစ်သည့် ကြယ်စင်အေး၊ မောင်ကြယ်စင်အောင်နှင့် အသက် ၇ နှစ်အရွယ် မဇွန်ပန်းဖြူတို့ဖြစ်ပြီး သင်္ချိုင်းကုန်းအနီးရှိ မြေတူးဖော်ထားသည့် ရေအိုင်အတွင်း ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
ထို့နောက် ကလေးငယ်များ၏ ရုပ်အလောင်းများကို မိသားစုထံ ပြန်လည်လွှဲပြောင်းပေးထားကာ ဇွန် ၁၇ ရက်တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။