
(နိုင်ငံတကာ) ဇွန် ၁၆
တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နေ့လယ်ပိုင်းတွင် တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ တီယန်အန်မင်ရင်ပြင် (Tiananmen Square) အတွင်းရှိ သူရဲကောင်းဗိမာန်၌ လွမ်းသူ့ပန်းခွေချကာ ဂုဏ်ပြုခဲ့ကြောင်း သိရသည်။
ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် တီယန်အန်မင်ရင်ပြင်သို့ ရောက်ရှိလာသော နိုင်ငံတော်သမ္မတအား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ပြီး နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများ ဖွင့်လှစ်ကာ ဂုဏ်ပြုအခမ်းအနား ပြုလုပ်ခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တရုတ်ပြည်သူ့သမိုင်းအတွင်း ကျဆုံးခဲ့သော သူရဲကောင်းများအား လွမ်းသူ့ပန်းခွေချကာ ဂုဏ်ပြုခဲ့ကြောင်း သိရသည်။