(နိုင်ငံခြားရေး) ဇွန် ၁၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်ကို လက်ခံသည့်အနေဖြင့် ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါခရီးစဉ်သည် နှစ်နိုင်ငံအကြား တည်ရှိနေသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးများကို ပိုမိုခိုင်မာအားကောင်းစေရန် ရည်ရွယ်ထားသည့် ခရီးစဉ်တစ်ရပ်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးနှင့် နှစ်နိုင်ငံအကြား နယ်ပယ်စုံဆက်ဆံရေးများကို ပိုမိုတိုးတက်စေရန်အတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်အဖြစ် လေ့လာသုံးသပ်သူများက ရှုမြင်သုံးသပ်ထားကြောင်း သိရသည်။

#PAN