ရန်ကုန်မြို့တွင်ကျင်းပသည့် ရုရှားအမျိုးသားနေ့ ဧည့်ခံပွဲအခမ်းအနားသို့ ဒုတိယသမ္မတ နန်းနီနီအေး တက်ရောက်

(ပြည်တွင်း)ဇွန် ၁၂

     ​ရန်ကုန်မြို့အခြေစိုက် ရုရှားဖက်ဒရယ်နိုင်ငံသံရုံးက ကြီးမှူးကျင်းပသည့် ရုရှားဖက်ဒရယ်နိုင်ငံ၏ အမျိုးသားနေ့ (National Day of the Russian Federation) အထိမ်း အမှတ် ဧည့်ခံပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့ရှိ Lotte ဟိုတယ်၌ ခမ်းနားထည်ဝါစွာ ကျင်းပခဲ့ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ နန်းနီနီအေး တက်ရောက်ချီးမြှင့်ခဲ့သည်။

     အခမ်းအနားသို့ ရောက်ရှိလာသည့် ဒုတိယသမ္မတနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များအား မြန်မာ နိုင်ငံဆိုင်ရာ ရုရှားဖက်ဒရယ်နိုင်ငံသံရုံး၏ ယာယီသံရုံးအဖွဲ့မှူး Ms. Natalia Nefedova၊ စစ်သံမှူးနှင့် သံရုံးတာဝန်ရှိသူများက လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

     ယင်းနောက် အခမ်းအနားကို ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်နှင့် ရုရှားဖက်ဒရယ်နိုင်ငံတို့၏ နိုင်ငံတော် သီချင်းများဖြင့် ဂုဏ်ပြုဖွင့်လှစ်ခဲ့ပြီး၊ ရုရှားသံရုံး၏ ယာယီသံရုံးအဖွဲ့မှူး Ms. Natalia Nefedova က တက်ရောက် လာသူများအား လှိုက်လှဲဝမ်းမြောက်စွာ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

     ဆက်လက်၍ ရုရှားဖက်ဒရယ်နိုင်ငံ၏ ကြွယ်ဝလှသော ယဉ် ကျေးမှုအမွေအနှစ်များ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် ထူးချွန်ပြောင်မြောက်သည့် အောင် မြင်မှုများ၊ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုနှင့် နိုင်ငံတကာရေး ရာကဏ္ဍများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေမှုများကို ဖော်ပြထားသည့် ဗီဒီယိုမှတ်တမ်းတိုကို ပြသခဲ့သည်။

     ထို့နောက် ဒုတိယသမ္မတသည် တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ ရုရှားနိုင်ငံမှ ယဉ်ကျေးမှုအဖွဲ့များ၏ ရိုးရာအကအလှများ၊ သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးရင်း အထိမ်းအမှတ်ညစာကို အတူတကွ သုံးဆောင်ခဲ့ကြသည်။ ညစာစားပွဲအပြီးတွင် ဒုတိယသမ္မတသည် တက်ရောက်လာကြသည့် အထူးဧည့်သည်တော်များနှင့်အတူ ရင်း ရင်းနှီးနှီး အမှတ်တရစုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

     အဆိုပါ ရုရှားအမျိုးသားနေ့ ဧည့်ခံပွဲအခမ်းအနားသို့ ပြည် ထောင်စုဝန်ကြီး ဦးသန်းမောင်နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် ကာ ကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်း၊ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးမျိုးမြင့်အောင်၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် ယာယီသံရုံးအဖွဲ့မှူးများ၊ စစ်သံမှူးများနှင့် ဖိတ် ကြားထားသည့် ဧည့်သည်တော်များ အစုံအလင် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN