
(နိုင်ငံတကာ) ဇွန် ၁၂
ဂါဇာဒေသတွင် စစ်ပွဲများဆင်နွှဲနေသည့် အစ္စရေးနိုင်ငံ၌ ဟာရီဒီ (Ultra-Orthodox) ခေါ် ဂျူးဘာသာရေးအစွန်း ရောက် လူငယ်များအား စစ်တပ်အတွင်း စစ်မှုထမ်းစေမည့် ကိစ္စရပ်အပေါ် ကန့်ကွက်ဆန္ဒပြမှုများ အပြင်းအထန်ဖြစ်ပွားနေပြီး၊ ယင်းဖြစ်ရပ်ကြောင့် မြို့လယ်ခေါင်များ ပိတ်ဆို့ကာ ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံမှုများအထိ အကြမ်းဖက်မှုများ မြင့်တက်လာကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ကြာသပတေးနေ့ညပိုင်းက အစ္စရေးအလယ်ပိုင်းရှိ မြို့ကြီးများတွင် ဟာရီဒီဂျူးအမျိုးသား ထောင် ပေါင်းများစွာ လမ်းပေါ်ထွက်ကာ စစ်မှုထမ်းရန် ငြင်းဆန်သဖြင့် ဖမ်းဆီးခံရသူများကို လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။
ဟာရီဒီခေါင်းဆောင်များနှင့် ဆန္ဒပြသူများ၏ အဆိုအရ စစ် တပ်အတွင်း ဝင်ရောက်ခြင်းသည် ၎င်းတို့၏ ဘာသာရေးယုံ ကြည်မှုကို လျော့ပါးစေပြီး ဂျူးလူမျိုးများအတွက် “ဝိညာဉ်ရေးရာကာကွယ်မှု” ပေးနေသည့် တိုရာ(Torah)ကျမ်းစာ လေ့ လာခြင်းကို အဟန့်အတားဖြစ်စေသည်ဟု ရှုမြင်နေကြသည်။ ၎င်းတို့က အစိုးရ၏ ဖိအားပေးမှုကို ဘာသာရေးအရ ညှဉ်းပန်းနှိပ်စက်မှု (Shemad) အဖြစ် ပုံဖော်ကာ ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့မှုများကို ခုခံကာကွယ်သည့်အနေဖြင့် အင်အားသုံး တုံ့ပြန်နေကြသည်။

၁၉၄၈ ခုနှစ်က ကင်းလွတ်ခွင့်ရသည့် ဟာရီဒီကျောင်းသား ၄၀၀ မျှသာ ရှိခဲ့သော်လည်း လက်ရှိတွင် စစ်မှုထမ်းရန် အကျုံး ဝင်သူ ၅၄,၀၀၀ ကျော်အထိ ရှိလာခဲ့သည်။ ဟာရီဒီလူ့အဖွဲ့ အစည်းသည် ဂျူးလူဦးရေ၏ ၁၂ ရာခိုင်နှုန်းခန့် ရှိပြီး မွေးဖွားနှုန်း အလွန်မြင့်မားသောကြောင့် နောင် ၁၀ နှစ်မှ ၂၀ အတွင်း လူဦးရေ သိသိသာသာ တိုးပွားလာမည်ဖြစ်သည်။
အစ္စရေးအများပြည်သူ၏ ၈၅ ရာခိုင်နှုန်းခန့်က ဟာရီဒီလူ ငယ်များ စစ်မှုထမ်းရန် သို့မဟုတ် ငြင်းဆန်ပါက အစိုးရထောက် ပံ့ကြေး ဖြတ်တောက်ရန် ထောက်ခံနေကြသဖြင့် လူထုကြားတွင်လည်း မကျေနပ်မှုများ မြင့်တက်နေသည်။
ယခုပြဿနာကြောင့် အစိုးရအဖွဲ့အတွင်းရှိ ဟာရီဒီဘာသာရေးပါတီကြီးများဖြစ်သော ရှားစ် (Shas) နှင့် UTJ ပါတီတို့က ၎င်းတို့၏ ထောက်ခံမှုကို ရုပ်သိမ်းမည်ဟု ခြိမ်းခြောက်လာသဖြင့် ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၏ ညွန့်ပေါင်းအစိုးရသည် လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေး ကောက်ပွဲအသစ် ကျင်း ပရန် ဥပဒေကြမ်း တင်သွင်းရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
အတိုက်အခံခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း နက်ဖ်တာလီဘန်းနက်ကလည်း ဤကင်းလွတ်ခွင့်ကို မဖြေရှင်းနိုင်ပါက မိမိကိုယ်ကိုယ် အဆုံးစီရင်သည့် လမ်းကြောင်းဖြစ်လာမည်ဟု သတိ ပေးထားသည်။
သို့သော်လည်း လာမည့်ရွေးကောက်ပွဲတွင် ဟာရီဒီအုပ် စု၏ မဲအရေအတွက်ကြောင့် အတိုက်အခံများအနေဖြင့်လည်း ရွေး ကောက်ပွဲနီးကပ်ချိန်တွင် ဟာရီဒီခေါင်းဆောင်ပိုင်းနှင့် ပြန်လည်အပေးအယူလုပ်ရန် တိတ်တဆိတ် ပြင် ဆင်နေကြကြောင်း နိုင်ငံရေးလေ့လာဆန်းစစ်သူများက သုံးသပ်ထားကြသည်။
Telegram»…
https://t.me/positiveanglenews
#PAN