(စီးပွားရေး) ဇွန် ၁၂
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ဇွန်လ ၁၂ ရက် ထုတ်ပြန်သည့် သတ်မှတ်ဈေးနှုန်းများအရစက်သုံးဆီဈေးနှုန်းများ သိသိသာသာကျဆင်းလာကြောင်း သိရသည်။
ယနေ့တွင် ကမ္ဘာ့ရေနံဈေးနှုန်းအနေဖြင့် ရေနံစိမ်းတစ်စည်လျှင် ၈၆ ဒေါ်လာဝန်းကျင်ရှိသဖြင့် ယခုတစ်ပတ်စက်သုံးဆီဈေးနှုန်းကို ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ 92 Ron: တစ်လီတာလျှင် ၄၆၅ ကျပ်၊ ဓာတ်ဆီ 95 Ron: တစ်လီတာလျှင် ၄၇၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၂၅ ကျပ် ၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၃၁၅ ကျပ်အထိ ထပ်မံစျေးကျလာခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ရန်ကုန်မြို့တွင် ဇွန်လ ၁၂ ရက်နေ့ မှ ၁၈ရက်နေ့ထိ ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းများအရ အောက်တိန်း 92 တစ်လီတာ ၃,၈၈၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၃,၉၁၅ ကျပ်၊ ဒီဇယ် တစ်လီတာ ၃,၉၉၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၄,၈၀၀ ကျပ် အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။

#PAN