
(နိုင်ငံတကာ) ဇွန် ၁၁
အမေရိကန်ပြည်ထောင်စုသည် အီရန်နိုင်ငံအတွင်းရှိ အဓိကစစ်ရေးပစ်မှတ်များကို ဒုတိယမြောက်ညအဖြစ် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အမေရိကန်ကာကွယ် ရေးဝန်ကြီး ပီတီ ဟက်ဂ်ဆက်သ်က အတည်ပြုလိုက်သည်။ ယခုတိုက်ခိုက်မှုများသည် စစ်ပွဲအသစ်တစ်ခုကို လှုံ့ ဆော်ခြင်းမဟုတ်ဘဲ ရေရှည်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန် အီရန်အစိုးရအား ဖိအားပေးသည့် နည်းဗျူဟာတစ်ခုဖြစ်ကြောင်း ၎င်းက ကာကွယ်ပြောဆိုခဲ့သည်။
ဖလော်ရီဒါပြည်နယ်၊ တမ်ပါမြို့ရှိ အမေရိကန်ဗဟိုစစ် ဌာနချုပ် (CENTCOM) မှ ထွက်ခွာလာစဉ် ဝန်ကြီးဟက်ဂ်ဆက်သ်က သမ္မတ ဒေါ်နယ်ထရန့်၏ သတိပေးချက်အတိုင်း အီရန်ကို အပြင်းအထန် ဆက်လက်တိုက်ခိုက်သွားမည်ဟု ဆိုသည်။
“သမ္မတထရန့် ပြောခဲ့သလိုပါပဲ၊ အီရန်ဟာ ဆွေးနွေးပွဲတွေမှာ အချိန်ဆွဲနေခဲ့တာပါ။ အခုတော့ သူတို့ဟာ သဘောတူညီချက်တစ်ခုအတွက် အချိန်ဆွဲနေမယ့်အစား အမေရိကန်ပြည်ထောင်စုရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကိုပဲ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ အကယ်၍ ကျွန်တော်တို့အနေနဲ့ ဗုံးတွေနဲ့ ညှိနှိုင်းဖို့ လိုအပ်တယ်ဆိုရင်လည်း ဗုံးတွေနဲ့ပဲ ညှိနှိုင်းသွားမှာပါ” ဟု ၎င်းက ပွင့်ပွင့် လင်းလင်း ပြောကြားခဲ့သည်။
အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM)၏ အဆိုအရ ယခုတိုက်ခိုက်မှုများသည် အီရန်၏ ရန်လိုမှုများကို တုံ့ ပြန်သည့် “မိမိကိုယ်ကို ခုခံကာကွယ်သည့် တိုက်ခိုက်မှုများ” ဖြစ်ပြီး၊ ယင်းနောက်ပိုင်းတွင် အီရန်နိုင်ငံအတွင်းရှိ ဘန်ဒါအာဘတ်စ်၊ ကက်ရှ်၊ ဂေါ်ဂန်နှင့် ဟင်ဂမ် ဒေသတို့တွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကာ အီရန်လေကြောင်းရန်ကာကွယ်ရေးစနစ်များ အသက်ဝင်ခဲ့ကြောင်း သိရသည်။
ယခုသီတင်းပတ်အတွင်း တင်းမာမှုများ ပြန်လည်မြင့်
တက်လာခြင်းမှာ ဟော်မုဇ်ရေလက်ကြားအနီးတွင် အမေရိကန် Apache ရဟတ်ယာဉ်တစ်စီး ပစ်ချခံရမှုကြောင့် စတင်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းလုပ်ရပ်က ဧပြီလ ၈ ရက်နေ့က ရရှိထားသည့် ပျက်စီးလွယ်သော ယာယီအပစ်ရပ်စဲရေးကို ပြိုကွဲသွားစေခဲ့သည်။
သတင်းထောက်များနှင့် ဝေဖန်သူများက ထရန့်အစိုးရအနေဖြင့် အီရန်၏ တံတားများနှင့် လျှပ်စစ်ဓာတ်အားပေးစနစ်များကဲ့သို့သော “အရပ်ဘက် အခြေခံအဆောက်အအုံများ” ကို ပစ်မှတ်ထားရန် ခြိမ်းခြောက်နေခြင်းသည် “စစ်ရာဇဝတ်မှု” မြောက်နိုင်ကြောင်း မေးမြန်းမှုကို ဝန်ကြီးဟက်ဂ်ဆက်သ်က ဒေါသတကြီးပယ်ချခဲ့သော်လည်း၊ အရပ်ဘက်ပစ်မှတ်များ ထိမှန်နိုင်ခြေကိုမူ ငြင်းဆိုခဲ့ခြင်း မရှိပေ။
အမေရိကန်ဘက်က အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားပြီဟု တရားဝင်မကြေညာသော်လည်း၊ စစ်ရေးအရ တိုက်ခိုက်မှုများကို အားသာချက်တစ်ခုအဖြစ် အသုံးပြုကာ ဒေါ်နယ်ထရန့် အလိုရှိသည့် သဘောတူညီချက်မျိုးရရန် အီရန်ကို ဖိအားပေးနေခြင်း ဖြစ်သည်။
တစ်ဖက်တွင်လည်း အီရန်သည် အလျှော့ပေးမည့်လက္ခ ဏာမပြဘဲ ကူဝိတ်၊ ဂျော်ဒန်နှင့် ဘာရိန်းနိုင်ငံတို့ရှိ အမေရိကန်စစ်စခန်းများကို ဒုံးကျည်များဖြင့် ပြန်လည်လက်တုံ့ ပြန် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN