ရွှေညောင်တွင် တပတ်အတွင်း အမျိုးသမီးနှစ်ဦး ကြိုးဆွဲချသေဆုံး

(မှုခင်း) ဇွန် ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ ဇွန်လ ၁၀ ရက်၊ နံနက် ၈ နာရီခန့်က ရွှေညောင်မြို့၊ လှိုင်ဘုံသာရပ်ကွက်၊ နယ်မြေ (၃)၊ အေးသိင်္ဂီလမ်းနေ အေးသာယာတိုက်နယ်ဆေးရုံ အသက် ၃၆ နှစ်အရွယ်သူနာပြု ဆရာမ တစ်ဦးသည် ဆေးရုံလုပ်ငန်းခွင်သို့ လာရောက်ခြင်းမရှိသည်မှာ၂ ရက်ကြာပြီဖြစ်သဖြင့် ဆေးရုံတာဝန်ရှိသူများက နေအိမ်သို့ သွားရောက်ကြည့်ရှုရာမှ နေအိမ်ထုပ်တန်းတွင် ကြိုးဆွဲချသေဆုံး နေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သူနာပြုအမျိုးသမီး သေဆုံးမှုတွင် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် ရွှေညောင်နယ်မြေရဲစခန်းတွင် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူဇွန်လ ၆ ရက်ကလည်း ညောင်ရွှေမြို့နယ်၊ သာလေးကျေးရွာအုပ်စုတွင် အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

#PAN